ပဲခူး ဇန္နဝါရီ ၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်းတွင် ၂၀၂၂ခုနှစ် ဇန္န္ဝါရီလ(၁)ရက်နေ့ ညပိုင်းအချိန်က နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ပထမနေ့ကျင်းပပြုလုပ် သည်။ အဆိုပါ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဓမ္မစင်္ကြာဝတ်ရွတ်အသင်းများ၊ တရားနာပရိတ်သတ်များ လာရောက်ကြပြီး နိုင်ငံတော်သံဃ မဟာနာယက၊ သ.စ.သ.အ ဓမ္မာစရိယ၊ B.A(Myanmar)Q.PhD(India). မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ ပဲခူးမြို့ သာမဏေကျော်စာသင်တိုက်များ၏ မဟာနာယကချုပ်ဆရာတော် ဒေါက်တာအရှင်ဝိစက္ခဏာလင်္ကာရာဘိဝံသမှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များကိုယ်စား လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် ဥပဒေချုပ်ဦးခင်မောင်တင့်တို့က ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်အား ဇန္နဝါရီလ(၂)ရက်နေ့ ဒုတိယနေ့တွင် ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့ဓဇဓမ္မာစရိယ …
Read More »နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ ဂုဏ်ပြုကြိုဆို
ပဲခူး ဩဂုတ် ၁၇ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆော…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်
ပဲခူး ဩဂုတ် ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ…
အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
ပဲခူး ဩဂုတ် ၁၄ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား မြန်မာနိုင်ငံသား …
ပဲခူးမြို့၌ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”အခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၁၂ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အခမ်းအနားအား ဩဂုတ်…
၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၁၁ ရက…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၉ ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအား…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၇ ၂၀၂၆ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် / မြို့နယ်ပေါင…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၆ ရက်နေ့၊ မွန်းလွဲ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး ဩဂုတ် ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်…
ပဲခူးတိုင်းဒေသကြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၄ ရက်နေ့၊ မွန်းလွဲ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၂၉ ============= ပဲခူးမြို့ ဥဿာမြို့သစ်အားကစားကွင်း၌ ဒီဇင်ဘာလ(၂၉)ရက်နေ့ ညနေပိုင်းအချိန်က ၂၀၂၁ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၂၈)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှု့အားပေးကြသည်။ ထို့နောက် အမျိုးသမီးမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသမီးမီတာ (၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မြို့နယ်အသင်းများ၊ အမျိုးသား မီတာ(၄၀၀) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော မြို့နယ်အသင်းများအား …
Read More »ဒေသအတွင်း ဆီဖူလုံမှုရှိစေရေးနှင့် နွေစပါးအထွက်တိုး စိုက်ပျိုးထုတ်လုပ်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး ဒီဇင်ဘာ ၂၉ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှေးဦးစွာ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ လုံခြုံရေးဂရုပြု ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကိုလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားကြရန်၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် နေကြာအား သီးညှပ်စိုက်ပျိုးသွားရန် စီမံချက်ချ ဆောင်ရွက်လျက်ရှိရာ ဖြစ်ထွန်းအောင်မြင်မှု ရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ မြေပြင်ကွင်းဆင်း စစ်ဆေးသွားရန်လိုအပ်ကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် အထွက်နှုန်း တိုးတက်စေရေး၊ စိုက်ဧက တိုးတက်စေရေး စည်းရုံးဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေ အခက်အခဲရှိပါက ခရိုင်အလိုက် Mobile Solar Pump စက်များ ထောက်ပံ့ပေးထားပြီးဖြစ်၍ အကျိုးရှိရှိသုံးစွဲကြရန် လိုအပ်ကြောင်း၊ သဘာဝဓါတ်မြေဩဇာအဖြစ် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူလယ်သမားများအား အသိပညာပေးဆောင်ရွက်ကြရန် …
Read More »တင်ဒါလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြား
ပဲခူး ဒီဇင်ဘာ ၂၈ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဌာနဆိုင်ရာရုံးများ၊ စစ်ဆေးရေးဂိတ်များ လုံခြုံရေးအထူးဂရုစိုက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများလည်း အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါသည် နှစ်ဝက်(Mini Budget) ဖြစ်၍ တင်ဒါလုပ်ငန်းများ အမြန်ဆုံးပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် လျှောက်ထားမှုများအပေါ် သေချာစိစစ်၍ စိုက်ပျိုးနိုင်သည့် လယ်ယာမြေများ ဆုံးရှုံးမှုမရှိစေရေး ဌာနဆိုင်ရာ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဖြစ်ကြောင်းနှင့် စစ်တောင်းမြစ် ကမ်းပြိုနေရာများ၌ ဒီရေကာကွယ်တောများ စနစ်တကျစိုက်ပျိုးနိုင်ရေး …
Read More »ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၂၈ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး(၃/၂၀၂၁) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်သလို တိုင်းဒေသကြီး အတွင်းမှာရှိသော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ဝင်ငွေတိုးတက်ရရှိရေးအတွက် အရေးပါသည့် လုပ်ငန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအနေဖြင့် ရှိပြီးသားခရီးစဉ်ဒေသများကို သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိသလို ခရီး စဉ် ဒေသအသစ်များကိုလည်း ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အင်း၊ ဆည်၊ ရေလှောင်တမံများမှာလည်း အပန်းဖြေစခန်းများ တည်ဆောက်နိုင်ရေး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျက် ရှိသူအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် (၂၂)ရာခိုင်နှုန်းခန့် ကျန်ရှိနေ၍ အပြည့်အဝ ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအနေ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website