ပဲခူး ဩဂုတ် ၃၀ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၃၀)ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ် ရှာဖွေကယ်ဆယ်ရေးသရုပ်ပြခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်များ နေ့စဉ်ပိုမိုဖြစ်ပွားတွေ့ကြုံနေရကာ မြန်မာနိုင်ငံတွင် လည်း ရာသီဥတု၊ ပထဝီအနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ လည်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ဧရာဝတီမြစ်ရေ မြှင့်တက်မှုများကြောင့် တိုင်းအတွင်း ဒေသအချို့၌ ရေကြီး/ရေလျှံမှုများ ဖြစ်ပွားလေ့ရှိကာ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိသည်ကို သိရှိရကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင် လမ်းညွှန်မှုဖြင့် (၄၇)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အခြေခံစားသုံးကုန်များ ဈေးနှုန်းသက်သာစွာဖြင့် နေ့စဉ် ဝယ်ယူရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး
ပဲခူး အောက်တိုဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်…
ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပ
ပဲခူး အောက်တိုဘာ ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆…
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော်၊ အောက်တိုဘာ ၁၆ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိ…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ
ပဲခူး အောက်တိုဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုန…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပဲခူး အောက်တိုဘာ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တေ…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဩဂုတ် ၂၉ ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမစုရပ်နှင့် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးစုရပ်တို့၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများနှင့် နိုင်ငံဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း၊ အင်းတကော်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၆၅)နှစ်နှင့်အထက် ဘိုး/ဘွားများနှင့် Volunteerများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ စေတနာ့ဝန်ထမ်းများအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လိုအပ်မှုမရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကာကွယ်ဆေးထိုးနှံရာတွင် အသက်အရွယ် …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးဒေသနှင့် တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေး
ပဲခူး ဩဂုတ် ၂၈ ======================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးဒေသနှင့်တောင်ငူဒေသ မြို့ပြအဆင့်မြှင့်တင်ရေးစီမံကိန်း ရေးဆွဲထားရှိမှုအခြေအနေအား တွေ့ဆုံဆွေးနွေး ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်တွင် စနစ်ကျသည့် မြို့ပြများ ဖြစ်ပေါ်လာစေရန် အဓိကအားဖြင့် Town Plan များ ရေးဆွဲထားမှုပေါ် အခြေခံပြီး ဆောင်ရွက်ရကြောင်း၊ မြိုပြများအဆင့်မြှင့်တင်တိုးချဲ့ရာတွင် လူနေအိမ်ရာဇုန်၊ စက်မှုဇုန်နှင့် စိုက်ပျိုး/မွေးမြူရေးဇုန်များ၊ ဟိုတယ်ဇုန်နှင့် အခြားဝန်ဆောင်မှုဇုန်များ စသည်ဖြင့် ခွဲခြားထားရန်လိုအပ်မည်ဖြစ်ပြီး ဇုန်တစ်ခုနှင့် တစ်ခုကြား(၁)ကီလိုမီတာ အကွာအဝေးတွင် ကြားခံဇုန်အဖြစ် သစ်တော/သစ်ပင်များ ထားရှိမည့် စိမ်းလန်း ရေးဇုန်တစ်ခု ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပဲခူးဒေသရှိ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးစီမံကိန်းနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်အလုပ်လုပ်ကိုင်မည့် အလုပ် သမားများ အခြေချကျူးကျော်နေထိုင်မှုမရှိစေရေး သီးခြားမြေနေရာ (သို့မဟုတ်) …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၂၇ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Zoom Meeting System ကျင်းပပြုလုပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ဧက လျာထားချက်ပြည့်မီ ကျော်လွန် အောင်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊ ဓါတ်မြေဩဇာဈေးနှုန်းများ မြှင့်တက်နေမှုအပေါ် ပြန်လည် ကုစားနိုင်ရေး တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာအသုံးပြုနိုင်ရေး နည်းပညာပေးခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ အလေးထားဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းလျော့ကျလာသော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဆက်လက်လိုက်နာ နေထိုင်သွားလာနိုင်ရေး ပညာပေးခြင်းလုပ်ငန်းကိုလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နွေစပါးနှင့် ဆီထွက်သီးနှံဖြစ်သော ပဲအမျိုးမျိုးနှင့် နေကြာ စိုက်ပျိုးဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ယခုအချိန်ကတည်းက ရေလိုအပ်သည့်နေရာများ ဆိုလာစနစ်ဖြင့် ရေပေးနိုင်ရေး ကြိုတင်စုစည်းတင်ပြပေးရန်၊ ကမ်းပြိုမှုကြောင့် နှစ်စဉ်ဆုံးရှုံးနေရသည့် လယ်ယာမြေများနှင့်ပတ်သက်၍ စိုက်ပျိုးဧကတိုးချဲ့၍ မရသော်လည်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများအား ထောက်ပံ့ ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဩဂုတ် ၂၅ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ(၂၅) ရက်နေ့၊ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများအား ထောက်ပံ့ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြား ခဲ့ကာ တာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကျန်းမာရေးဝန်ထမ်း (၇၅၇)ဦး၊ Volunteer (၁၃၆)ဦးတို့အတွက် တစ်ဦးလျှင်ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၉၃)သိန်းအားလည်းကောင်း၊ အဟာရဖြည့်စွက်စာအဖြစ် ကြက်ဥအလုံးရေ(၂၀၀၀) အားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း၌ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တည်ဆောက်ခဲ့သည့် Oxygen …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website