နေ့စဉ်သတင်းများ

နောက်ဆုံးရသတင်းများ

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေလှူဒါန်းမှု ပြုလုပ်

FI

မတ်လ ၂၆ (ပဲခူး) ==================================== ၂၀၁၇ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီမှ မွန်းလွဲ(၁၃:၃၀)နာရီထိ (၇၂)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး စိန်မင်းဦးစီးသော ရဲတပ်ဖွဲ့ဝင်(၃၇)ဦးနှင့် ပဲခူးမြို့၊ ကလျာဏမိတ္တ လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးကုလား ဦးဆောင်သော အဖွဲ့ဝင်(၁၀)ဦးတို့မှ ယာဉ်အမှတ်(H-5158) TE (၆)ဘီးယာဉ်ဖြင့် ကဝမြို့နယ်၊ ရွှေတဆုပ် ကျေးရွာရှိ အိမ်ခြေ(၁၄၀)အတွက် ရေဂါလံ (၅၀)ဆံ့ ပီပါ(၇၀)လုံး၊ သောက်ရေဂါလံ(၃၅၀၀)နှင့် (၂၀)လီတာ ရေသန့်ဗူးကြီး(၁၅၀)ဗူး၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၂)သိန်းတို့အား ကျေးရွာနေပြည်သူလူထုအတွက် သွားရောက်လှူဒါးပေးခဲ့သည်။

Read More »

(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်းခြင်းပြုလုပ်

FI

မတ်လ ၂၆ (ပဲခူး) ===================================   ၂၀၁၇ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နံနက်(၇)နာရီမှ နံနက်(၁၀)နာရီထိ (၇၂)နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မ(၇၇) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး နီလင်းအောင်၊ ပထပ(ပဲခူး)မှ ဗိုလ်မှူးကြီး ငွေတိုး၊ တပ်မ(၇၇) နည်းဗျူဟာမှူးကြီး ဗိုလ်မှူးကြီး မြင့်ဇော်မိုး၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးမင်းထိုက်၊ ဦးစီး(ပ)ဒုရဲမှူးကြီး မင်းဟန်၊ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွေးတို့ဦးဆောင်သော အရာရှိ/အခြားအဆင့် ရဲတပ်ဖွဲ့ဝင် (၁၂၃)ဦး၊ တပ်မ(၇၇)မှ အရာရှိ/ အခြားအဆင့်စစ်သည်(၂၆၆)ဦး၊ မီးသတ်တပ်ဖွဲ့ဝင်(၁၂၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၁၅)ဦး၊ စုစုပေါင်း(၅၂၄)ဦးတို့သည် ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းထွန်း၊ တောင်ငူခေတ္တ(မနအမှူး)ဒုရဲမှူး ခင်မောင်ထွေး၊ အမှတ်(၁၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အုန်းကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ …

Read More »

မိုင်(၂၆၀) တာဝေးစက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

မတ်လ ၂၆ (ပဲခူး) ==================== ပဲခူးမြို့၊ ရွှေဝါထွန်းဟိုတယ်ရှေ့၌ မတ်လ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က (ပဲခူး – ကျိုက်ထို – ဘားအံ – ကျိုက်ထို – ပဲခူး) မိုင်(၂၆၀) တာဝေးစက်ဘီးစီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မိုင်(၂၆၀) တာဝေးစက်ဘီးစီးပြိုင်ပွဲ အဆင့်(၁၁)မှ အဆင့်(၁၅)အထိ ဆုရရှိသူများအား Joy Trading  Co.,Ltd မှ ဦးကျော်ကျောထွန်းမှလည်းကောင်း၊ အဆင့်(၉)နှင့် အဆင့်(၁၀) ရရှိသူများကို မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကိုကြီးမှ လည်းကောင်း၊ အဆင့်(၇)နှင့် အဆင့်(၈)ရရှိသူများကို ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာ၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်မှလည်းကောင်း၊ အဆင့်(၄)မှ အဆင့်(၆)ရရှိသူများကို မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမြတ်သူမှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဦးမောင်မောင်လွင်မှ အဆင့်(၃)တတိယဆုရရှိသော စောအယ်ကူး၊ အဆင့်(၂)ဒုတိယဆုရရှိသော ကောင်းစည်သူနှင့် …

Read More »

ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ (၆)ထပ်ဆေးရုံ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်

FI

မတ်လ ၂၆ (ပဲခူး) ============================== ပဲခူးမြို့၊ ရန်ကုန်-မန္တလေးကားလမ်းဘေး၊ ကလိကျေးရွာအနီးရှိ ကုတင်(၅၀၀)ဆံ့၊ (၆)ထပ်ဆေးရုံ တည်ဆောက်မည့် မြေနေရာ၌ မတ်လ(၂၆)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ ဆရာတော်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။ ရှေးဦးစွာ မင်္ဂလာအချိန်တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ပန္နက်တော်ကို(၉)ရိုက်ချက်၍ တင်ပေးပြီး အမွေးနံ့သာရည် ပက်ဖြန်းပေးသည်။ ထို့နောက် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်နှင့် သယံဇာ၊ တသစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံတို့က ပန္နက်တော်အား အမွှေးနံ့သာရည်ပက်ဖြန်းပေးကြပြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဆေးရုံတည်ဆောက်မြေနေရာအား လိုက်လံကြည့်ရှု စစ်ဆေးကြသည်။ အဆိုပါ ကုတင်(၅၀၀)ဆံ့ ဆေးရုံကြီးအား ပဲခူးမြို့၊ ကလိကျေးရွာအနီးရှိ ဦးပိုင်အမှတ်(၆၄၇-ခ)ရှိ မြေဧရိယာ(၂၅)ဧကပေါ်တွင် ငွေကျပ်သိန်း(၂၄၀၀၀) အကုန်ကျခံပြီး (၆)ထပ်ဆေးရုံ တည်ဆောက်မည်ဖြစ်ကြောင်း …

Read More »

၂၀၁၇ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်

FI

မတ်လ ၂၅ (ပဲခူး) ==================================================           မတ်လ(၂၅)ရက်နေ့၊ ည(၇)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ မြက်ခင်းပြင်၌ ၂၀၁၇ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ  ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြားရာ” မိမိတို့အစိုးရအနေ နဲ့ တာဝန်ယူတဲ့ ပထမနှစ် ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာနှစ်အတွက် အုပ်ချုပ်ရေးကဏ္ဍ နှင့် လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ စီမံကိန်းများကို သတ်မှတ်ကာလ၊ သတ်မှတ်အရည်အသွေးနှင့်အညီ အသက်သာဆုံးနှုန်းထားများဖြင့် လူထုအကျိုး ဖော်ဆောင်ရာမှာ ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တဲ့အပြင် လိုအပ်ချက်များကိုလည်း ထပ်ဆောင်းဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် စီမံကိန်းများ အောင်မြင်ကြောင်း၊ လူမှုရေးကဏ္ဍရဲ့ ပြဿနာပေါင်းများစွာဖြစ်တဲ့ လူထုကြား အငြင်းပွားမှု၊ ဘာသာရေးအငြင်းပွားမှု၊ မြေယာအငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်ခဲ့သလို Democratic Practic ကိုလည်း လူထုကြား အလေ့အထကောင်းတစ်ရပ်အဖြစ် ကျင့်သုံးလိုက်နာစေရန် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ တိုးတက်မှုကိုဦးတည်တဲ့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း၊ မြိုပြစီမံကိန်း၊ …

Read More »