Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်ငူမြို့၌ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်တို့ အတွက် ဆွမ်းဆန်နှင့် စားသုံးကုန်များ သွားရောက်ဆက်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တောင်ငူမြို့၌ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်တို့ အတွက် ဆွမ်းဆန်နှင့် စားသုံးကုန်များ သွားရောက်ဆက်ကပ်လှူဒါန်း

တောင်ငူ စက်တင်ဘာ ၂၅

=======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ ကြာနီကန်(၁၈)ရပ်ကွက်၊ ကြာနီကန်ပရိယတ္တိစာသင်တိုက်ကျောင်းသို့သွားရောက်၍ ဆန်နှင့်စားသုံးကုန် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြာနီကန်ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ပဓါနနာယက ဆရာတော်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဇျယ် ချီးမြှင့်တော်မူကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တောင်ငူမြို့ရှိ ပရိယတ္တိစာသင်တိုက်(၄)ကျောင်း၊ သီလရှင်စာသင်တိုက်(၁)ကျောင်းတို့အတွက် ဆွမ်းဆန်(၆၃)အိတ်၊ ဆီ(၁၅၇)ပိဿာ၊ ပဲ(၁၅၇)ပိဿာ၊ ဆား(၁၅၇)ပိဿာ၊ ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများနှင့် နဝကမ္မအလှူငွေ ကျပ်(၅)သိန်းတို့အား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ၎င်းနောက် ကျောင်းတိုက်အတွင်းရှိ ဆရာတော်/ သံဃာတော် (၅၄)ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ မိုင်ဒါကွင်း၌ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပေးထားသည့် Oxygen Plant အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းရေး၊ အောက်စီဂျင်အိုးများ ပိုးသတ်ပြီးမှ သယ်ယူကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေ ကျပ် (၅)သိန်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးတီရှပ်အထည်(၂၀)နှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် နှစ်ခြင်းခရစ်ယာန်ဘုရား ရှိခိုးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့တွင်းလမ်းများ ပြင်ဆင်နေမှု နှင့် တောင်ငူကျုံးဟောင်း ပြန်လည်ပြုပြင်မွန်းမံနေမှုကိုလည်းကောင်း၊ တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်ရန် မြေနေရာလျာထားမှု အခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကျောက်တံခါးမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ရာ မြို့ချောင်းကျေးရွာ၊ ရွာသစ်လမ်း အရှည်(၈၀၀)ပေ၊ အကျယ်(၁၆)ပေ၊ အမြင့်(၈)လက်မ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။