ပဲခူး ဇူလိုင် ၂၁ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် KM Healthcare Myanmar Co., Ltd မှ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းသည်။ ရှေးဦးစွာ KM Healthcare Myanmar Co., Ltd ၏ မန်နေးဂျင်းဒါရိုက်တာက လှူဒါန်းရခြင်း အကြောင်းအား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE Level(1) ဝတ်စုံ(၁၀၀၀)ခု၊ PPE Level(2) ဝတ်စုံ(၁၀၀၀)ခု၊ ဦးထုပ်(၁၀၀၀၀)လုံး၊ (၁၀၀၀)ခုတို့အား လှူဒါန်းပေးအပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်လွှာ …
Read More »၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊…
ပဲခူးတိုင်းဒေသကြီး၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့် ခြင်းအခမ်းအနား ကျင်းပ
ပဲခူး စက်တင်ဘာ ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူ…
ပဲခူးမြို့၌ (၂၇)ကြိမ်မြောက် ပဲခူးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၁၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ…
(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ပဲခူးတိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် (၂၇)ကြိမ်မြောက်…
(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်း နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆ…
ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ နိုင်ငံတကာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၈/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း စက်တင်ဘာ ၇ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွ…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စိုက်ပျိုးထုတ်လုပ်မှုတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေဝင်ရောက်သည့် အနိမ့်ပိုင်းရပ်ကွက်များ သို့ သွားရောက်ကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး စက်တင်ဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၃ ရ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အချိန်တိုတွင်း ထိန်းချုပ်တိုက်ဖျက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၂/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၂၀ ===================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ (၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အချိန်တိုတွင်း ထိန်းချုပ်တိုက်ဖျက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေး (၁၂/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အစည်းအဝေးလမ်းညွှန်ချက်များအား ရှင်းလင်းပြောကြား ခဲ့ပြီးနောက် ကျေးရွာ/ရပ်ကွက်အတွင်း COVID-19 Mobile Swab Van များဖြင့် စစ်ဆေးပြီး ပြည်သူအတွင်း ပြန့်နှံ့နေသည့် ရောဂါပိုးသယ်ဆောင်သူများကို ရှာဖွေရန်လိုပါကြောင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်း ဖျားနာသူများအား ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ ဝန်ထမ်းများ နှင့် တစ်အိမ်ဆင်း တစ်အိမ်တက် ကျန်းမာရေးအခြေအနေမေးမြန်း၍ ရောဂါရှာဖွေရန်လို …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ (၇၄)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ပဲခူး ဇူလိုင် ၁၉ ————————- ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ဦးဆောင်၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်(၉)ပါးအား (၇၄)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျဆုံးသွားသည့် အာဇာနည်ခေါင်းဆောင်ကြီး များအား ရည်စူး၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉)ရောဂါ စည်းကမ်းချက်များနှင့်အညီ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ကြသည်။ ရှေးဦးစွာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ နိုင်ငံတော် ဩဝါဒါစရိယ၊ ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြပြီး ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ …
Read More »ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီး၌ လည်ပတ်နေသည့် Oxygen Plant စက်အသစ်အား သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဇူလိုင် ၁၈ ====================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၈) ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ လည်ပတ်နေသည် Oxygen Plant စက်အသစ်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် Oxygen Plant စက်အသစ် လည်ပတ်နေမှုအခြေအနေနှင့် နေ့စဉ်အောင်စီဂျင် ထုတ်လုပ်နေမှု အခြေအနေများနှင့် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ဆဲဖြစ်သည့် Liquid Oxygen Plant တည်ဆောက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးကောင်စီ တာဝန်ယူ ခဲ့သည့် အချိန်ကစပြီး တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား လူမျိုး/ဘာသာ မခွဲခြားဘဲ တာဝန်ယူ စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ယခု COVID-19 ရောဂါ တတိယလှိုင်း စတင်ခံစား ရသည့် …
Read More »COVID-19 ရောဂါ တိုက်ဖျက်ရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ရုံးပိတ်ရက်(၉) ရက်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြား
ပဲခူး ဇူလိုင် ၁၆ ================ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ(၁၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ရုံးပိတ်ရက် (၉)ရက်သည် COVID-19 ရောဂါ ထိန်းချုပ်တိုက်ဖျက်နိုင်ရေးအတွက် အခွင့်အခါကောင်းဖြစ်၍ ထပ်မံကူးစက် ပြန့်နှံ့မှုမရှိစေရေး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိထိရောက်ရောက် အောင်မြင်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့ Stay at Home သတ်မှတ်ထားသည့် မြို့နယ် များတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များပေါ် ပြည်သူများ လိုက်နာမှုအားနည်းနေ သည်ကိုတွေ့ရှိရ၍ သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့ တာဝန်ရှိ သူများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website