နောက်ဆုံးရသတင်းများ

၂၀၁၇-၂၀၁၈ခု ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

FI

မေ ၃၀ (ပဲခူး) ========================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၃၀)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ၂၀၁၇-၂၀၁၈ခု ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းသား/ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အမှာစကား ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပ ပညာရေးနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲမှ ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များက ကျောင်းသုံးစာအုပ်၊ စာရေးကိရိယာနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ ယင်းနောက် ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းကာ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာများက အာသောက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ အထက(၆)၊ လ(ခွဲ)ဘုရားသုံးဆူကျောင်းများတွင် …

Read More »

၂၀၁၆-၂၀၁၇ခု စည်းကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း ကျင်းပပြုလုပ်

FI

မေ ၂၉ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်လီမိတက်၊ ရှင်စောပုခန်းမ၌ မေလ(၂၉)ရက်နေ့၊ နက်(၉:၃၀)နာရီအချိန်က ၂၀၁၆-၂၀၁၇ခု စည်းကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေမှ ၂၀၁၆-၂၀၁၇ခု စည်းကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဝင်ငွေခွန် အခွန်ထမ်း(၅၁)ဦးနှင့် ကုန်သွယ်လုပ်ငန်းခွန် အခွန်ထမ်း(၅၀)ဦး ရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်မှ ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သော အခွန်ထမ်း (၂၅)ဦးအားလည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေမှ ဝင်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သော အခွန်ထမ်း (၂၆)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်စိုးနိုင်မှ ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့သော အခွန်ထမ်း (၂၅)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစောဆွေမှ …

Read More »

ဝန်ကြီးချုပ်ဖလား (၄)ခရိုင်မြန်မာ့ရိုးရာလက်ဝှေ့ ဗိုလ်လုပွဲယှဉ်ပြိုင်မှုနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

မေ ၂၈ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ မေလ(၂၈)ရက်နေ့၊ မွန်းလွှဲ(၂)နာရီအချိန်က ဝန်ကြီးချုပ်ဖလား (၄)ခရိုင်မြန်မာ့ရိုးရာလက်ဝှေ့ လူရွေးပြိုင်ပွဲ၊ စိန်ခေါ်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်ကစားခြင်းနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ဗိုလ်လုပွဲများအဖြစ် လူသစ်တန်း (၄၈၊ ၅၁၊ ၅၄၊ ၅၇၊ ၆0၊ ၆၃.၅၊ ၆၇) ကီလိုတန်းနှင့် (ဂ)အဆင့် (၅၀)ကီလိုနှင့် (၅၄)ကီလို လက်ရည်စစ်ပွဲ၊ အထူးကြားပွဲ၊ (၅)ချီစိန်ခေါ်ပွဲနှင့် အမျိုးသမီး(၃)ချီ စိန်ခေါ်ပွဲများ ယှဉ်ပြိုင်ကစားရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်နှင့် လက်ဝှေ့အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။ လူသစ်တန်း (၄၈)ကီလို (၃)ချီပြိုင်ပွဲတွင် နေလင်းထွန်း(ပဲခူးခရိုင်)နှင့် စောအောင်နိုင်ဦး(တောင်ငူခရိုင်)တို့ ယှဉ်ပြိုင်ရာ စောအောင်နိုင်ဦး (တောင်ငူခရိုင်) မှလည်းကောင်း၊ (၅၁)ကီလိုတန်းတွင် သက်နိုင်ဦး(ပြည်ခရိုင်)နှင့် ဇေယျာဝင်း(တောင်ငူခရိုင်)တို့ အတွဲတွင် သက်နိုင်ဦး (ပြည်ခရိုင်)မှလည်းကောင်း၊ (၅၄)ကီလိုတန်းတွင် ခွန်စောလူလေး(တောင်ငူခရိုင်)နှင့် ကျော်ထက်(ပဲခူးခရိုင်)တွင် …

Read More »

ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေး သီတင်းပတ်လှုံ့ဆော်ရေး ပိုစတာဖွင့်ပွဲ ကျင်းပပြုလုပ်

FI

မေ ၂၅ (ပဲခူး) ========================= မေလ(၂၅)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် ပဲခူးမြို့၊ ရန်ကုန်-မန္တလေး အမြန်ကားလမ်းမဘေး၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံလမ်းထောင့်၌ ပဲခူးတိုင်းဒေသကြီး၂၀၁၇-၂၀၁၈ခု ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်လှုံ့ဆော်ရေး ပိုစတာဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အင်းတကော်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတီးဝိုင်းအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့မှ မြန်မာ့ကျောင်း၊ ဇာတိမာန်၊ ပလပ်စတစ်အရုပ်ကလေးများ သီးချင်းဖြင့် တီးမှုတ်ကပြဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်မှ “ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး” ကျောင်းအပ်နှံရေး သီတင်းပတ်လှုံ့ဆော်ရေး မြေစိုက်ပိုစတာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူလတန်း(ခွဲ) ကျောင်းပေါင်း(၄၈၂၄) ကျောင်းရှိပြီး၊ ၂၀၁၆-၂၀၁၇ခု ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူပေါင်း (၈၈၅၉၈၁)ဦးသည်။ ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိသည်။ အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး …

Read More »

ရုံးလုပ်ငန်းများ အဆင်ပြေမြန်ဆန် ချောမွေ့စေရန် လုပ်ထုံးလုပ်နည်းများ ဖြေလျော့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

မေ ၂၄ (ပဲခူး) ==================================================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ(၂၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီ အချိန်က ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ညှိနှိုင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များ လွယ်ကူချော့မွေ့ စေရန် လုပ်ထုံးလုပ်နည်းများ ဖြေလျော့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေမှ အဖွင့်အမှာစကား ပြောကြားရာ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးဌာနမှ ဆောင်ရွက်မည့်လုပ်ငန်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ဦးစီးဌာန များသို့ ကြိုတင်အသိပေးထားရန်လိုအပ်ကြောင်း၊ ကျေးရွာများတွင် ကိုယ့်အားကိုယ်ကိုး မီးလင်းရေး ဆောင်ရွက်ရာတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားအောင် စီမံဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှလည်း ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းစွာ တင်ပြပေးစေလိုကြောင်း ပြောကြားသည်။ ထို့နောက် အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်ကိစ္စများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အဖွဲ့(၂)၊ အဖွဲ့ခေါင်းဆောင် …

Read More »