နောက်ဆုံးရသတင်းများ

အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၂ ============================ ၂၂.၇.၂၀၁၇ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်နှင့် သဲကုန်းမြို့နယ်များ၌  ၂၀၁၆-၂၀၁၇ အခွန်စည်း ကြပ်နှစ်အတွင်း အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်း အနား ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၀န်ကြီး ဦးညွန့်ရွှေ ၊ပြည်တွင်းအခွန်များဦးစီးဌာနညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အခွန်ထမ်းပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read More »

ပဲခူးမြို့နယ်၊ ဝင်္ဂဘော်ဆင်စခန်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

FI

ဇူလိုင် ၂၂ (ပဲခူး) =================================== ဇူလိုင်လ(၂၂)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ပဲခူးမြို့၊ ဝင်္ဂဘော်ဆင်စခန်း၌ ၂၀၁၇ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံတို့က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ဒေသခံပြည်သူများအား ပျိုးပင်များ ဖြန့်ဝေပေးကြပြီး စုပေါင်းစိုက်ပျိုးကြသည်။ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ယမနေ၊ သပြေကြီး၊ ကဗွီး၊ ခရေ၊ မယ်ဇလီ၊ ကံ့ကော်၊ ဗန်ဒါ၊ စိန်ပန်းစသည့် အပင်ပေါင်း(၆၀၀)ကျော် စိုက်ပျိုးကြကာ စုပေါင်းစိုက်ပျိုးနေမှုအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်

Read More »