ပဲခူး မေ ၂၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက (၁၀၉)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သူနာပြုသားဖွား အတတ်ပညာသည် ပြည်သူလူထု၏ အခြေခံကျန်းမာရေး တိုးတက်မြင့်မားလာစေရန် ပြုစုရှောက်ပေးရသည့် မြင့်မြတ်သော အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုဖြစ်ကာ သင်တန်းသူများအနေဖြင့် မိမိတို့တက်မြောက်ရမည့် အသိ ပညာ၊ အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သည်အထိ လက်တွေ့လေ့ကျင့်သင်ယူပြီး လုပ်ငန်းခွင်ဝင်ရာတွင်လည်း လူမျိုး၊ ဘာသာ၊ အတန်းအစား မခွဲခြားဘဲ သူနာပြု ကျင့်ဝတ်၊ သိက္ခာ၊ သစ္စာအဓိဌာန်နှင့်အညီ ကျင့်ကြံနေထိုင်ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် …
Read More »Monthly Archives: May 2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး မေ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၂)ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား မေလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူတို့သည် ပဲခူးမြို့ ခုတင (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူနေကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးနေမှုနှင့် ရေသန့်၊ ကော်ဖီနှင့်အာဟာရမုန့်များ အခမဲ့တိုက်ကျွေးနေမှုများအား လိုက်လံ ကြည့်ရှုခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ …
Read More »၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
ပဲခူး မေ ၂၁ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေး အားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားအား မေလ(၂၁)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးမြို့၊ တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့်ရှိမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆိုင်းဘုတ်စိုက်ထူပွဲ အခမ်း အနားသို့ ရောက်ရှိလာခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများက ဘင်ခရာတီးခတ်ခြင်းနှင့် ပန်းပွားအက ကပြခြင်း တို့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က ၂၀၂၆-၂၀၂၇ ပညာသင်နှစ် နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၌ ကျင်းပပြုလုပ်နေသည့် ပညာရေးနှင့် အားကစားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး သွားရောက်အားပေး
ပဲခူး မေ ၂၀ ပဲခူးမြို့၌ ရက် ၁၀၀ စီမံချက်အနေဖြင့် Football for School ၊ Smart School Program ဘောလုံး သင်တန်း ဆင်းပွဲအခမ်းအနားအား မေလ ၁၉ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့ သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက် နှင့်အညီ ပဲခူးတိုင်းဒေသကြီးအတွင်း အာကစားဖွံ့ဖြိုးတိုးတက်စေရန်၊ အားကစားကဏ္ဍအသစ် ဖွင့်လှစ် ရန်အတွက် ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည်၊ ရွှေတောင်မြို့ စသည့် (၅)မြို့နယ်အား ပထမဦးစွာ ရွေးချယ် ၍ Football for School Program အဖြစ် ဘောလုံးသင်တန်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပဲခူးဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအားကြိုဆို
ပဲခူး မေ ၁၈ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပဲခူးဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားပြု ဘောလုံးအသင်းများ အား ကြိုဆိုသည့်အခမ်းအနားကို မေလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင် အသင်းများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် အသင်းတိုအား လက်ဘက်ရည်နှင့်မုန့်တိုဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားအသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါဘောလုံးပြိုင်ပွဲအုပ်စု(ခ) ပဲခူးဇုန်အုပ်စုပတ်လည်ပွဲစဉ်များကို ပဲခူးတိုင်းဒေသကြီးအားကစား …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှုများ အရှိန် အဟုန်ဖြင့် ဆက်လက်ကျင်းပပြုလုပ်လျက်ရှိ
ပဲခူး မေ ၁၈ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား မေလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆို ဖွင့်လှစ် ပေးခဲ့ကြသည်။ ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာမှာ အသိပညာရှင် အတတ်ပညာရှင်များစွာ လိုအပ်သည့်အတွက် အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ပေါက်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်တွင် အခြေခံအကျဆုံး ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းနေရေးနှင့် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းဖွင့်ရာသီအမီ စာသင်ကျောင်းများ သန့်ရှင်း သာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး မေ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ကျောင်းဖွင့်ရာသီအမီ စာသင်ကျောင်းများ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(စာကလေးကွင်း)နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ၌ တပ်မေတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး ကျောင်းဖွင့်ရာသီအမီ စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းဝန်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် စာသင်ခုံအဟောင်းများ ပြန်လည်ပြုပြင်ပေးနိုင်ရေး တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Read More »၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး မေ ၁၅ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကင်းထောက်လူငယ်သင်တန်းဆင်းပွဲအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ များ၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြ သည်။ ရှေးဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကင်းထောက်လူငယ်သင်တန်းသား/သူ များက “ကင်းထောက်ဆိုသည်မှာ”သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့လူငယ်များသည် နိုင်ငံရဲ့ အနာဂတ်၊ နိုင်ငံ၏ အဓိကအင်အားစုဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာ ပြည့်ဝရန်လိုအပ်သကဲ့သို့ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးကြရမည့်သူများဖြစ်ရန်နှင့် နိုင်ငံအတွက် အားထားရသော …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု လက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
တောင်ငူ မေ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရဖွဲဝင် ဝန်ကြီးများနှင့်အတူ မေလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ် ငန်းများ ဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို၊ (၂၀)ရပ်ကွက်ရှိ ဦးစောအယ်ဒို ၏ ဒေသကြက်သားပေါက်လုပ်ငန်းသို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသကြက် သားပေါက်များ စဉ်ဆက်မပြတ် ထုတ်လုပ်သွားရန်နှင့် ဒေသအတွင်းမှာ ကြက်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်နေသော တောင်ငူမြို့နယ်၊ အနောက်ဆင်ကျေးရွာရှိ ရေကြီးရေနက်ကွင်း လယ်မြေ(၂၀၀)အား ရေတော်မိုးတော် လယ်မြေအဖြစ် အဆင့်မြှင့်တင်ပေးရန် အိုင်သုံးဆင့်-ကျွဲကူးမြောင်း အလျား(၀.၉၅)မိုင် တူးဖော်ထား ရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တည်ဆောက်ပြီး မြေသားတာဘောင်များရေရှည်တည်တံ့ခိုင်မြဲစေရေး ဒေသခံတောင်သူများအစုအဖွဲဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားသို တက်ရောက်ချီးမြှင့်
တောင်ငူ မေ ၁၄ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား မေလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲဝင် ဝန်ကြီးတိုသည် အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်းသိုရောက်ရှိခဲ့ရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားအား ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖွင့်လှစ် ပေးခဲ့ကြသည်။ ထိုနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စဉ် ဆက်မပြတ်ဖွံဖြိုးတိုး တက်ဖို့ “ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံကြပါစို” ဆောင်ပုဒ်နှင့်အညီ မိမိတို၏ ကျေးရွာ/ ရပ်ကွက်များ အတွင်းရှိကျောင်းနေအရွယ် ကလေးအားလုံးကျောင်းတက်ရောက်နိုင်ရေး၊ တန်းစဉ် ကူးပြောင်းမှုနှုန်း တိုးတက်မြင့်မားစေရေးနှင့် ကျောင်းထွက်နှုန်းလျှော့ချရေးအတွက် အားလုံးပူးပေါင်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website