ပဲခူး ဇွန် ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ဇွန်လ(၉)ရက် နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့စာဖြေဌာန၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ဖူးမြှော် ကြည်ညိုခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် စာမေးပွဲ ကြီးကြပ်နာယကဆရာတော်ကြီးများအား ဖူးမြှော်ကန်တော့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ နဝကမ္မအလှူငွေနှင့် အအေးဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးမျာသည် စာမေးပွဲဖြေဆိုကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား အအေးဗူးများ လိုက်လံဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ပဲခူးမြို့ စာဖြေဌာနတွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအား ဇွန်လ(၂)ရက်နေ့မှ ဇွန်လ(၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ယနေ့ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာနှင့် သီလရှင် (၃၃၈)ပါးရှိကြောင်း သတင်းရရှိသည်။
Read More »ပဲခူးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၂၄ ပဲခူးတက္ကသိုလ် ဘက်စုံအားကစားခန်းမ၌ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၂၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး ဇူလိုင် ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
ပဲခူးမြို၌ (၄၄)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
ပဲခူး၊ ဇူလိုင် ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၄)ကြိမ်မြောက် လစဉ်အ…
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၂/၂၀၂၆-၂၀၂၇) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်
ပဲခူး ဇူလိုင် ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူမ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သူနာပြုသိပ္ပံ(ပဲခူး)အား တက်ရောက်ဖွင့်လှစ်
ပဲခူး ဇူလိုင် ၁၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူအထူးဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံပွဲ ကျင်းပပြုလုပ်
တောင်ငူ ဇူလိုင် ၁၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ ဇူလိုင် ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော…
ပဲခူးမြို့၌ အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး အသိပညာပေး ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက အခွန်ဆိုင…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဇွန် ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)ကျောင်း အတွင်း/အပြင်၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်/ကျေးရွာများအတွင်း မိုးရာသီဖြစ်၍ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ ရေမြောင်းများအတွင်း ခြင်၊ယင် ပေါက်ဖွား မှုမရှိစေရေး ဆေးဖြန်းခြင်းများ ဆောင်ရွက်သွားရန်၊ ကျောင်းအတွင်းအပြင် သန့်ရှင်းသပ်ရပ်စေရေး၊ စိမ်းလန်းစိုပြေစေရေး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပန်းတောင်းမြို့၌ တောရိုင်းမြေများအား စိုက်ပျိုးနိုင်သည့် လယ်ယာမြေအဖြစ် ဖော်ထုတ်၍ မူလပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်
ပန်းတောင်း ဇွန် ၆ ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပန်းတောင်းမြို့၌ တောရိုင်းမြေများအား စိုက်ပျိုးနိုင်သည့် လယ်ယာမြေအဖြစ် ဖော်ထုတ်၍ မူလပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ပွဲနှင့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာရေရိက္ခာဖူလုံစေရေး အတွက် ကျေးလက်ဒေသများအထိ မြေပြင်တိုက်ရိုက်ကွင်းဆင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ပန်းတောင်းမြို့နယ်၌ ဇီးကုန်းချောင်းရိုး တိမ်ကော၍ လွန်ခဲ့သောနှစ်ပေါင်း(၄၀)ကျော်ကတည်းက မစိုက်ပျိုးနိုင်တော့ဘဲ တောရိုင်းမြေအဖြစ် ဖြစ်ပေါ်နေမှုကို သိရှိခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဇီးကုန်းချောင်းရိုး ပေရှည်(၂၁၅၀၀) အား ငွေကျပ်(၈၅)သန်း အကုန်အကျခံ၍ ပြန်လည်တူးဖော်ပေးခြင်း၊ တောရိုင်းမြေ(၄၀)ဧကကိုလည်း …
Read More »ပန်းတောင်းမြို့၌ “ရတနာရွှေပြည်”စာကြည့်တိုက်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
ပန်းတောင်း ဇွန် ၆ ပန်းတောင်းမြို့၊ ရတနာပုံရပ်ကွက်၌ “ရတနာရွှေပြည် စာကြည့်တိုက်” ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးတို့က ပန်းတောင်းမြို့ “ရတနာရွှေပြည်” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်း ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စာကြည့်တိုက်အတွင်းသို့ လှည့်လည် ကြည်ခဲ့ကြပြီး သုတ/ရသ စာအုပ်စာဆောင်များနှင့် အလှူငွေကျပ်သိန်း(၃၀)ပေးအပ်ခဲ့ကာ မျိုးဆက်သစ် လူငယ်များ၊ ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွား၍ အလိမ္မာယဉ်ကျေးသည့် လူတော်လူကောင်းများဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်၍ လူငယ်များ စာကြည့်တိုက်သို့ လာရောက်စေရေး …
Read More »ပဲခူးမြို့၌ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇွန် ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့၊ နံနက်ပိုင်းက “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူသားများသည် လူ့သဘာဝဆန္ဒဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လိုမှု၊ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေး၊ အသုံးအဆောင်ပစ္စည်း များ ပိုမိုကောင်းမွန်အောင် တီထွင်ထုတ်လုပ်လာခြင်းနှင့်အတူ အမှန်တကယ် လိုအပ်ချက်အပြင် အနာဂတ် တွင် လိုအပ်နိုင်သည်ဟု ယူဆတွေးတောမိသော အသုံးအဆောင်ပစ္စည်းများကို ရယူထားလိုခြင်းကြောင့် စက်ရုံအလုပ်ရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့်အတူ သဘာဝသယံဇာတ အရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲလာကြကြောင်း၊ သဘာဝအရင်းအမြစ်များ လိုအပ်သည်ထက် ပိုမိုသုံးစွဲလာခြင်းနှင့်အတူ လူတို့၏ မဆင်မခြင်သုံးစွဲစွန့်ပစ်မှုကြောင့် ပလတ်စတစ် ညစ်ညမ်းမှုကိစ္စရပ်ဖြစ်ပေါ်လာရကြောင်း၊ ပလတ်စတစ်သုံးစွဲမှုနှင့်ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးခြင်း တို့ကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မှီတင်းနေထိုင်သည့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website