နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ အောက်တိုဘာ ၂           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၂ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့အတွင်း ကေတုမတီရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ် ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။             ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီ မြို့ဟောင်း မြောက်ဘက်ကျုံး ပြင်ဆင်နေမှုနှင့် ကျုံးကူးတံတား တည်ဆောက်မည့် နေရာတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တူးဖော်ထားပြီးဖြစ်သည့် မြို့ရိုးပေါ်တွင် သစ်ပင်ခြုံနွယ်များ ပြန်လည် ရှင်းလင်းရန်၊ ကျုံးအတွင်း ရေဝင်/ရေထွက်ပေါက်များ ထည့်သွင်းရန်၊ လမ်းဘေးဝဲယာ သစ်ပင်များ စိုက်ပျိုးရန်နှင့် နွံကျုံးများပြန်လည်ဖော်ထုတ်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။                  ထို့နောက်  ရှေးဟောင်း ဘုတ်တလုပ်ရေကန် ဖော်ထုတ်ထားရှိမှုနှင့် စင်တံခါးပေါက်အနီး ကေတုမတီ ရှေးဟောင်းကျုံး တိမ်ကောနေမှုအား စက်ယန္တရားများဖြင့် ပြန်လည်ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း …

Read More »

ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ် အပြည်ပြည် ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သက်ကြီးပုဂ္ဂိုလ်များ၏အရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး သက်ကြီးပုဂ္ဂိုလ်များအပေါ် လေးစားကြည်ညိုတတ်သော မြန်မာ့ ယဉ်ကျေးမှု အစဉ်အလာကောင်းများကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းကြစေလို ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှ(၅)ရပ်ကွက်တွင် နေထိုင်လျက်ရှိသော အသက်(၁၁၈) နှစ်ရှိ အဖွား ဒေါ်ဖာတမာနှင့် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာတွင် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး အောက်တိုဘာ ၁           ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။         ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်မျိုးထူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်ထံမှ ပေးပို့သည့် (၆၂)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက “မြန်မာ့ရဲသီချင်းနှင့် ဇာတိမာန်”သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ်ရရှိသည့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှှူး ရဲမှူးကြီး တင်မျိုးထူး၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး စက်တင်ဘာ ၃၀           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာသွန်းလျက်ရှိရာ ရေကြီးရေလျှံမှု လျော့နည်းသက်သာစေရေးအတွက် ရေစီးရေလာ ကောင်းမွန် စေရေးနှင့် ရေကြောင်းပိတ်ဆို့မှုမဖြစ်စေရေး ရေကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား စက်တင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်း ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်ရှိ ပန်းဆိုးချောင်း ရေစီးရေလာကောင်းမွန်စေရေး၊ ပုဏ္ဏားစုရပ်ကွက် ကျုံးရိုးချောင်း ရေကြောင်းရှင်းလင်းခြင်း၊ ကတွင်းခြံရိုးချောင်းချဲ့ခြင်းနှင့် ဥဿာ(၇)ရပ်ကွက်အတွင်း ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး စက်ယန္တရားများ၊ တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၏ စုပေါင်းအားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၂၈           ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ရေကြီးရေလျှံမှုမရှိစေရေးနှင့် ရေထုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ရှင်လင်းဆောင်ရွက်နေမှုအား မြို့နယ်(၂၈)မြို့နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့က တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်နှင့် ပဲခူးမြစ်တို့ ချိတ်ဆက်ထားသည့် ကုလားရိုက်ရိုးချောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှု၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဘေး ကျုံးရေမြောင်း  ပိတ်ဆို့မှုမရှိစေရေး ရှင်းလင်းနေမှု၊ ကသစ်ပင်ရိုးချောင်း ရေကြောင်းရှင်းလင်းနေမှု၊ ပန်းလှိုင်ရပ်ကွက်၊ ကျုံးရိုးရေစီးဆင်းမှုကောင်းမွန်စေရေး ရှင်းလင်းနေမှုနှင့် ပဲခူးမြို့အတွင်းမှရေများ အဓိကထွက်သော အိုးဘိုချောင်း ရေထွက်ပေါက်တို့တွင် စက်ယန္တရား လူအင်အားဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုတို့အား …

Read More »