Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပြည် အောက်တိုဘာ ၃၁

            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အောက်တိုဘာလ ၃၁ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ် သည်။

              ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး သက်ဆိုင်ရာ မိမိတို့အုပ်ချုပ်မှုနယ်မြေများအလိုက် ပြည်သူပါဝင်သည့် ရဲလုပ်ငန်းစနစ်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် သမားရိုးသမားစဉ် ရဲလုပ်ငန်းများအား ဆောင်ရွက်၍ မိမိအပိုင် နယ်မြေအတွင်း ရပ်ကွက်/ကျေးရွာ များသို့ ရွာစင်ကျယ်လှည့်ကင်းစနစ်ဖြင့် ပုံမှန်လှည့်လည် ကြပ်မတ်စစ်ဆေးခြင်းကို ဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

                 ထို့နောက် တက်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)မှ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများက ရပ်ကွက်/ကျေးရွာများအလိုက် ဆောင်ရွက်ပေးလျက်ရှိသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက ရပ်ရွာဒေသလုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ကိစ္စရပ်များအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။

                 ယင်းနောက်  ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက ခရိုင်/မြို့နယ်များအလိုက် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများအား အကြံပြု ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။