တောင်ငူ အောက်တိုဘာ ၂၄ တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက “ရာဂီ” မုန်တိုင်းအရှိန်ကြောင့် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများပြန်လည်အစားထိုး စိုက်ပျိုးရန် အတွက် ဆောင်းသီးနှံမတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်တင်ဘာလအတွင်း “ရာဂီ”မုန်တိုင်း အရှိန်ကြောင့် ဒေသအလိုက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ငူခရိုင်အပါအဝင် မြို့နယ်(၁၀)တွင် မိုးစပါးစိုက်ဧက(၁)သိန်း(၂)သောင်းကျော် ရေကြီးနစ်မြှုပ်ခဲ့ပြီး ပျက်စီးဧက(၇)သောင်း(၇)ထောင်ကျော် ရှိခဲ့ ပြီး ဧက(၁၅၀၀၀)ကျော်အား သက်တမ်းတိုစပါးမျိုးဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း၊ စပါးပြန်လည်စိုက်ပျိုးရန် အခြေအနေမပေးသည့် နေရာများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ၊ ဆောင်းနှမ်း၊ အစေ့ထုတ်ပြောင်း အပါအဝင် ရေမြေသဘာဝနှင့်ကိုက်ညီသည့် သီးနှံများကို ပြန်လည်စိုက်ပျိုး သွားကြရမှာဖြစ်ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ ၂…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၅ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပ…
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရ…
ပဲခူးမြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၈)ကြိမ်မြောက် …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒသကြီးလွှတ်တော် ပထမအကြိမ် ပုံမှန်အစည်းအဝေး ခေါ်ယူကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ MSME ဒေသထွက်ကုန်များ အရည်အသွေး မြှင့်တင်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက …
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းဝေးခန်းမ၌ ယမန်နေ့ မွ…
ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီးတွင် (ပဉ္စမအကြိမ်)မြောက် ဆေးပဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပဥ္စမအကြိမ်)မြောက် ဆ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး
တောင်ငူ အောက်တိုဘာ ၂၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် အောက်တိုဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်၊ ထီးလှိုင် လမ်းနှင့် ကေတုမတီရှေးဟောင်းကျုံးကြား၌ အများပြည်သူ စိတ်လက်အပမ်းဖြေနိုင်စေရေး ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ (၁)လမ်း၌ ပဲခူး တိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်အရောင်းစင်တာ ဖွင့်လှစ်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစ်စစ်ဆေး ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့၊ ကေတုမတီရှေးဟောင်းကျုံး၊ ယိုးဒယား ပေါက်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး ကျုံးလမ်းတစ်လျောက် ကျူးကျော်မှုမရှိစေရေး၊ …
Read More »တောင်ငူခရိုင်အတွင်း ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများတွက် ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်
တောင်ငူ အောက်တိုဘာ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် အောက်တိုဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တောင်ငူခရိုင်အတွင်း ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရာဂီမုန်တိုင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အတွင်း စက်တင်ဘာလ(၁၁)ရက်နှင့် (၁၂)ရက်နေ့တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှု ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရပြီး မြို့နယ်(၅)မြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်း(၁၄၃)ခုဖွင့်လှစ်၍ အိမ်ထောင်စု(၁၉၀၂၁)စု၊ လူဦးရေ(၇၃၈၅၁)အား အချိန်မီပြောင်းရွေ့ခြင်းနှင့် နေထိုင်စားသောက်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် တောင်ငူခရိုင်အတွင်း လုံးဝပျက်စီးခဲ့သည့် ပြည်သူလူထုနေအိမ်(၅၉၆)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်(၆၂၂)လုံး အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းသည် နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ နောင်အနာဂတ်ကာလတွင် …
Read More »တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့
တောင်ငူ အောက်တိုဘာ ၂၂ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူ များကို အခြေခံစစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေး ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ခံယူချက်မြင့်မာပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများကို ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှလေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။ ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာတောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်ရေးဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများက စားရိပ်သာသို့ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းမည့် အပတ်စဉ်(၆) သင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး
အောက်တိုဘာ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းမည့် အပတ်စဉ်(၆) သင်တန်းသားများအား သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ပင်မထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှူး ဗိုလ်မှူးကြီး တင်မောင်လွင်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့နှင့်အတူ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းမည့် အပတ်စဉ်(၆)သင်တန်းသားများအား သင်တန်းသားအိပ်ဆောင်များသို့ သွားရောက်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သင်တန်းသားစားရိပ်သာတွင် သင်တန်းသားတစ်ဦးချင်းအတွက် စားသောက်မည့် နမူနာပုံစံနှင့် ချက်ပြုတ်ထားရှိမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည်။ ယင်းနောက် သင်တန်းသားများ ခရီးစဉ် တစ်လျှောက်လိုအပ်သော အသင့်စားခေါက်ဆွဲခြောက်များ၊ ငါးပိထောင်းဗူးများ ထပ်မံထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိ သည်။
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website