ပြည် နိုဝင်ဘာ ၈ ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း ဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစေတီရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် စေတနာရှင် ပြည်သူများက ကြွရောက်လာသည့် ဆရာတော်(၁၀၈)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရှိရသည်။ ဆက်လက်၍ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ဖေဖော်ဝါရီ ၂၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ဒ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဒေသခံလူငယ်များအတွက် လေအေးပေးစက်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း သင်တန်းဖွင့်လှစ်ပေး
ဖေဖော်ဝါရီ ၁၉ တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ဒေသခံလူငယ်မျ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
တောင်ငူ ဖေဖော်ဝါရီ ၁၉ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရ…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၂ /၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း ဖေဖော်ဝါရီ ၁၈ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးည…
ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင် များ ပြုပြင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၅ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံးအစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဖေဖော်ဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ ၁၄ ရက်န…
ပဲခူးမြို့တွင်(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်း အခမ်း အနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းက (၇၉)န…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ဒိုက်ဦး ဖေဖော်ဝါရီ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ်ဆန်းမွှေး စပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းပေး
တောင်ငူ ဖေဖော်ဝါရီ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၃ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ …
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပြည် နိုဝင်ဘာ ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာ(၇)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာအုပ်စု၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်မြို့နယ်အတွင်း မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံ(ရာကာ-၆၆၆)မျိုးအား အစက်ချရေပေးသွင်းနည်းစနစ် (Drip Irrigation)ဖြင့် ရေပေးဝေဆောင်ရွက် ထားသောစံပြစိုက်ခင်း(၁၅)ဧက၏ အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဝါသီးနှံသည် ရေပေးသွင်းနိုင်ပါက နောက်တစ်ကြိမ် ပြန်လည်ခူးဆွတ် နိုင်ပြီး ယခုလို စံပြစိုက်ခင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကာ ဒေသခံတောင်သူများကလည်း မိမိတို့၏ ဝင်ငွေများ တိုးတက်လာစေရေးနှင့် စိုက်ပျိုးရေစနစ်တကျသုံးစွဲနိုင်ရေး အစက်ချရေပေးသွင်းနည်းစနစ် (Drip Irrigation) အား လိုက်ပါဆောင်ရွက်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ပဲခူး နိုဝင်ဘာ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့နယ်၊ ဝဲဝန်းကျေးရွာ အုပ်စု၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခဲ့သည့် တစ်ကွင်းတစ်ဆက်တည်း ဆင်းသုခ မိုးစပါး(၂၅၈) ဧက ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တစ်နွေစပါး(၂)သီး စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေရှိရေး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံအား ပေးစကားပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင်များအတွက် အခြေခံစားသုံးကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဒိုက်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဖအောင်ဝဲလမ်းရှိ …
Read More »မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Phase II) စီမံကိန်းအပြီးသတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၃၁ ပဲခူးမြို့၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Phase II) စီမံကိန်းအပြီးသတ် အခမ်း အနားအား အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ အထူးရန်ပုံငွေဖြင့် အသေးစားနှင့် အလတ်စား မိရိုးဖလာ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း များ၏ အရည်အသွေး အာမခံချက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(Phase II)အရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ သင်တန်းများပို့ချပေးခြင်း၊ အထောက်အကူပြုပစ္စည်း များ ပေးအပ်ခြင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၃၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၃၁) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့် အခမ်း အနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) (၅)နှစ်သင်တန်း အမှတ်စဉ်(၁၂)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်/စစ်ကိုင်း) ပထမနှစ် တက်ရောက်မည့် သင်တန်းသား/သူများက တစ်ဦးချင်း မိတ်ဆက်ဂါရဝပြုခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းသား/သူများသည် နိုင်ငံတော် အစိုးရမှ အလေးထားဆောင်ရွက်လျက်ရှိသော နိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website