နောက်ဆုံးရသတင်းများ

ပဲခူးမြို့(၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲဖြေကြသည့် သံဃာတော်များနှင့် သီလရှင်များ အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူး ဒီဇင်ဘာ ၉ ==========           ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှကြီးမှူး၍ (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီးကို ဒီဇင်ဘာလ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံနှင့် မြင်းကျားဓမ္မာရုံ တို့တွင် ကျင်းပပြုလုပ်လျှက်ရှိသည်။           အဆိုပါ (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကြီးအား ကြီးကြပ်လျက်ရှိသည့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာများနှင့် သီလရှင်များအား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန် တော်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ ဒီဇင်ဘာလ(၉)ရက်နေ့တွင် နေ့ဆွမ်း၊ အအေးနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မွန်းလွဲပိုင်း၌ စာမေးပွဲ ဖြေဆိုနေသည့် စာဖြေသံဃာတော်များ၊ သီလရှင်များအား သွားရောက်ကြည်ညိုခဲ့သည်။       ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် (၃၆)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာမေးပွဲကြီးသို့ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာမေးပွဲဖြေဆိုရန် ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၈ ============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသားတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားလမ်းရှိ ဟင်္သာတင်းနစ် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှု့အားပေး ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ အမျိုးသားအသင်းလိုက် ဗိုလ်လုပွဲစဉ်အဖြစ် ဒိုက်ဦးကလပ်(A)အသင်းနှင့် ဟင်္သာကလပ်(A) အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တင်းနစ်အားကစားဝါသနာရှင်များက ကြည့်ရှု့အားပေးကြသည်။           ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသော ဟင်္သာကလပ်(B)အသင်း၊ ဒိုက်ဦးကလပ်(B)အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ် နှင့် ငွေသားဆု(၃)သိန်းကျပ်စီကို သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့မှလည်းကောင်း၊ အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာသို့ အရင်းမပျောက်မတည်ငွေ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ငွေကျပ်သိန်း(၃၀၀)ထောက်ပံ့ပေးအပ်

ပဲခူး ဒီဇင်ဘာ ၇ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၆)ရက်နေ့၊ နံနက်ပိုင်း က ပဲခူးမြို့နယ်၊ရွာသစ်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ငှက်ပျောပင် မှထွက်ရှိသောပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကဏ္ဍကျဉ်းမြောင်းစေရေး အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်ပူးပေါင်း၍ ပြည်သူ များ မိသားစုဝင်ငွေတိုးပွားစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဒေသထွက်ကုန် များအပေါ်အခြေခံပြီး ယခုလို အသက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသူ/ သင်တန်းသားအနေဖြင့် ဒေသထွက်ကုန်ဖြစ်သော ငှက်ပျောပင်မှ ထွက်ရှိလာသည့် ကုန်ကြမ်းပစ္စည်းများနှင့် တန်ဘိုးမြှင့်ထုတ်ကုန်ပစ္စည်း ရရှိအောင် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။           ထို့နောက် …

Read More »

ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်း အမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၆ ==================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီးအတွင်း HIV/AIDS ဆိုင်ရာ ကျန်းမာရေးအသိပညာများမြှင့်တင်ပေးရန်နှင့် ပြည်သူလူထု တစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ပြီး HIV ပိုးရှိသူများ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ HIV ပိုးရှိလူနာများအား ပြုစုကုသစောင့်ရှောက်ခြင်းအား ပြည်တွင်း နှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်း၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တိကျခိုင်မာသော သတင်းအချက်အလက်များ …

Read More »

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး ဒီဇင်ဘာ ၅ ================           ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများ အကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး        တို့က တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ကိုယ်စားလှယ်မှ Recorded Video ဖြင့် အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇေယျာထွန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းတို့က မဲခေါင်-လန်ချန်းနိုင်ငံ များအကြား …

Read More »