ပဲခူး ဧပြီ ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၃၀)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့က လှုပ်ခတ် ခဲ့ မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် တိုင်းဒေသကြီးအတွင်း ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း/ တံတားများ၊ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားစေတီပုထိုးများစွာ ထိခိုက်ပျက်စီး ခဲ့ရကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် အဆောက်အဦများကို ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် အထူး အဆောက်အဦဟူ၍ (၃)မျိုးခွဲခြား စာရင်းကောက်ယူသွားရမှာဖြစ်ကာ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အဆောက် အဦများအား မြေပြင်ကွင်းဆင်း စစ်ဆေးစာရင်းကောက်ယူရာတွင် အပြာရောင် အဆင့်သတ်မှတ်သော လူနေထိုင်၍ရပြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး အောက်တိုဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသ…
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) သင်တန်းအမှတ်စဉ် (၃/၂၀၂၆-၂၀၂၇) သင်တန်းအား တက်ရောက်ဖွင့်လှစ်
ပဲခူး အောက်တိုဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသ…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်း…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ
ပဲခူး အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ…
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
တောင်ငူ အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်က…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးမ…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့၌ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
ပဲခူး ဧပြီ ၂၈ ပဲခူးမြို့၌ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားအား ရွှေမော်ဓောဘုရားလမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ အဆိုပါအဆောက်အုံ၌ ဧပြီလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးခဲ့ကြသည်။ ရှေးဦးစွာ လူငယ်စင်တာ ဖွင့်ပွဲအခမ်းအနားအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ လူမှုရေးဝန်ကြီး ဦးမျိုးအောင်၊ လူရည်ချွန် မခြူးတိမ်လွှာထက်နှင့် ထူးချွန်အားကစားသမား မမေဟန်နီနီအောင်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြ သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်မင်းထက်တို့က လူငယ်စင်တာ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူငယ်စင်တာကဗ္မည်းမော်ကွန်းအား အမွှေးနံ့သာရည် များ ပတ်ဖျန်းပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဧပြီ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်းရှိ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်နေ မှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဟံသာဝတီမြို့ရိုး တောင်ဘက်ရှိ မိုးကောင်း တံခါးပေါက်အနီးမှ ကုန်းဘောင်တံခါးပေါက်အနီးထိ တစ်ဆက်တည်း မြို့ရိုးပြန်လည်ဖော်ထုတ်ထိန်းသိမ်း ခြင်းနှင့် ကျုံးပြန်လည်တူးဖော်ထိန်းသိမ်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးကောင်း တံခါးပေါက်ရှိ ကျုံးကူးတံတားသည် ပဲခူးမြို့အတွင်းရှိ အဓိကရေထွက်ပေါက်တစ်ခုဖြစ်၍ မိုးရာသီ မရောက်မီ ဗေဒါပင်များ ဆယ်ယူခြင်း၊ ရေလမ်းကြောင်းဖွင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် မြို့ရိုး ဖော်ထုတ် ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် တူးဖော်တွေ့ရှိသည့် အထောက်အထားများအား သက်ဆိုင်ရာ ပညာရှင်များ၏ အကြံဉာဏ်ရယူ၍ မည်သည့်အဆောက်အဦဖြစ်နိုင်သည်ကို အတည်ပြုရန် လမ်းညွှန်မှာ ကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟံသာဝတီမြို့ရိုး အရှေ့ဘက်ရှိ တောင်ငူတံခါး နှင့် …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသုံးကုန်များ ချီးမြှင့်ပေးအပ်
ပဲခူး ဧပြီ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဧပြီလ(၂၅)ရက်နေ့၊ နံနက် ပိုင်း တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်း များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား စားသုံးကုန်များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်အား အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူ၍ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်နေ သည့် တိုင်းဒေသကြီးအတွင်းမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များအား ဆန်အပါအဝင် စာသုံးကုန်(၇)မျိုးကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူ့လူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSMEs …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၄)ရက်နေ့၊ မွန်းလွဲ ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း သေဆုံး၊ ဒဏ်ရာရ၊ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပံ့ပိုးမှု များရှိခဲ့သလို တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ထပ်မံပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ရာသီအမီ ယာယီစာသင်ဆောင်များ တည်ဆောက်ပြီးစီးရန် လိုအပ်ပြီး ကျန်ရှိသည့်စာသင်ဆောင်များကိုလည်း စစ်ဆေးခြင်းများ ဆောင်ရွက်ရ မှာဖြစ်သလို သက်ဆိုင်ရာဌာနများမှ ပြည်ထောင်စုမှ ဆောင်ရွက်မည့် အပိုင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရမည့်အပိုင်းများကို ခွဲခြားတင်ပြပေးရမှာဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများအား …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website