Home / မဟာတိလောကသယမ္ဘူကျောက်တော်ကြီး

မဟာတိလောကသယမ္ဘူကျောက်တော်ကြီး

–              ကောဇာသက္ကရာဇ် ၁၂၄၈ ခုနှစ်တွင် ကျောက်တော်ကြီးဘုရားများသီတင်းသုံးစံပါယ်ရာ ဂန္ဓကုဋီ တိုက်ကြီးကို တည်ဆောက်ခဲ့ပါသည်။

–              ကောဇာသက္ကရာဇ် ၁၂၅၉ ခုနှစ်၊ ကဆုန်လဆန်း (၈)ရက်တွင် အလှူရှင် ညောင်လေးပင်ဘုရားအမ မယ်ကြီး(သား)
မောင်လွန်းမောင် တို့ကမတည်ပြီး အများစုပေါင်းလှူဒါန်းခြင်းဖြင့် ဥာဏ်တော်ခုနှစ်တောင် ရှိ ပထမဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့ပါသည်။

–              သာသနာတော်နှစ် ၂၄၄၃ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ ဝါခေါင်လဆန်း (၁)ရက်နေ့တွင် ပထမဘုရားကြီးအား တည်ထားခဲ့သည့်ကျောက်စာအား ကဗ္မည်းရေးထိုးခဲ့ပါသည်။

–              ကောဇာသက္ကရာဇ် ၁၂၆၀ ပြည့်နှစ်၊ တန်ခူးလဆန်း (၁၀)ရက်နေ့တွင် ဘုရားဒါယကာ ဦးဘိုးဆောက် နှင့် ဘုရားဒါယိကာမ
ဒေါ်မေ တို့မှ ဥာဏ်တော်(၅)တောင် (၁)မိုက်ရှိ ဒုတိယဘုရားကြီးကို တည်ထား ကိုးကွယ်ခဲ့ပါသည်။

–              ကောဇာသက္ကရာဇ် ၁၂၆၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း (၁၂)ရက်နေ့တွင် ဘုရားဒါယကာ ဦးစံလှိုင် နှင့် ဘုရားဒါယိကာမ
ဒေါ်ပွင့် တို့မှ ဥာဏ်တော်(၅)တောင် (၁)မိုက်ရှိ တတိယဘုရားကြီးကို တည်ထား ကိုးကွယ်ခဲ့ပါသည်။

–              ကျောက်တော်ကြီး ဘုရားပွဲအား တပို့တွဲလဆန်း(၁၄)ရက်မှ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ထိ (၃)ရက် တိုင်တိုင် နှစ်စဉ်ကျင်းပလျှက်ရှိပါသည်။

 

maha_img01 maha_img02