Home / 2026 / November / 12

Daily Archives: November 12, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

 ပဲခူး နိုဝင်ဘာ ၁၂           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု၌ နွေစပါး (၂၂၄၀) ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ဖြူးချောင်းဆည်ရေသောက်စနစ် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နှစ်စဉ်နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဆည် ရေသောက်စနစ်ဧရိယာအတွင်း အပြည့်အဝစိုက်ပျိုးနိုင်ရေး ရေပေးမြောင်းများ အဆင့်မြှင့်တင်ဆောင်ရွက် ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။             ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဖြူးမြို့၊ မြို့မ အနောက်ရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးလူမော်၏ Good Brother တန်(၆၀)ကျ ဆန်စက်၌ စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက် Gasifier ဖြင့် ပြည်ပပို့ကုန် …

Read More »