Home / 2026 / November / 13

Daily Archives: November 13, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ သီးနှံစိုက်ဧကနှင့် အထွက်နှုန်းမှန်ကန်မှုရှိစေ ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း သီးနှံစိုက်ဧကနှင့် အထွက်နှုန်းမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် လယ်ယာမြေများ ရေကြီးနစ်မြှုပ်လျက်ရှိရာ သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရေး ပြန်လည်ကုစားခြင်းကို ဘက်ပေါင်းစုံမှ  ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာ့အစဉ်အလာ နှင့် ကိုက်ညီသော တစ်ကွင်းတစ်ဆက်တည်း စုပေါင်းစိုက်ပျိုးသည့်စနစ် ဖော်ဆောင်နိုင်ရေး စည်းရုံးဆောင် ရွက်ကြရန်နှင့် ယင်းစနစ်ဖြစ်ပေါ်လာပါက မျိုး၊ စိုက်နည်းစနစ်၊ သွင်းအားစုနှင့် စိုက်ပျိုးရေရရှိရေးတို့ကို ပိုမို ထိရောက်စွာဆောင်ရွက်နိုင်ပြီး သီးနှံအမျိုးအစားအလိုက် အထွက်နှုန်းများတိုးတက်လာနိုင်မှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်တာဝန်ရှိသူအဆင့်ဆင့်က မိမိတို့ဒေသအလိုက် စိုက်ပျိုးထားသည့် သီးနှံအမျိုး အစားအလိုက် စိုက်ဧက၊ စိုက်ပျိုးသည့်မြေအမျိုးစား၊ အထွက်နှုန်းတို့ကို တိကျမှန်ကန်စွာ တင်ပြပေးရန် …

Read More »