ပဲခူး နိုဝင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၁၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အားကစားဥယျာဉ်၊ မိုးလုံလေလုံ အားကစားရုံ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၆) ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲအား အမျိုးသမီးထုကြံ့ခိုင်မှုဖြင့် ကမ္ဘာ့အဆင့်မီတက်လှမ်းနိုင်စေရန်၊ တိုင်း ဒေသကြီးအတွင်း အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှုဖြင့် ပဲခူးတိုင်းဒေသကြီးဂုဏ်ဆောင် အမျိုးသမီးငယ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သော အမျိုးသမီးငယ်များ မွေးထုတ်ပေးရန်နှင့် အမျိုးသမီးများ၏ အားကစားကဏ္ဍမြင့်မားစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပပြု လုပ်ပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် ကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website