Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

သာယာဝတီ ဇူလိုင် ၂၂

================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့မစျေးရှိ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စိစဉ်လမ်းညွှန်မှုဖြင့် ဇွန်လ(၁၇)ရက်နေ့မှစ၍ မြို့နယ်အလိုက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေး သန့်ရှင်းလတ်ဆတ်ပြီး အမှန်တကယ်သက်သာသော နှုန်းထားဖြင့် ရောင်းချသွားနိုင်ရေး စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်ရန်၊ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများအား ဖိတ်ခေါ်၍  ဈေးဆိုင်ခန်းများ တိုးချဲ့ရောင်းချရန်နှင့် အခြေခံစားသုံး ကုန်များ အကန့်အသက်မရှိ ရောင်းချနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ ကျွဲသတ်ကြီးကျေးရွာရှိ မိုးစပါး ဧက(၁၀၀) တင်း(၁၀၀)အထက် ထွက်ရှိရေး စံပြကွက် ပျိုးထောင်စိုက်ပျိုးနေမှုအား ကြည့်ရှုအား ပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်း မျိုးသန့် ပြောင်းလဲစိုက်ပျိုးနိုင်ရန်၊ သဘာဝမြေဩဇာ အချိုးကျသုံးစွဲရန်၊ ပျိုးထောင်ကောက်စိုက်သည့် အလေ့ အထကောင်းများ ပြန်လည်ဖော်ထုတ်သွားရန်  တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကောက်စိုက်သမ များအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားဖိုဆောင်သုံး ဟင်းသီးဟင်ရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့၊ ကန်(၁၀၀)ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် သမဝါယမအသင်း လီမိတက်သို့ရောက်ရှိခဲ့ပြီး စီမံကိန်းရှင်းလင်းဆောင်၌ တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဖရိုးဖလာမွေးမြူခြင်းမှ သိပ္ပံနည်းကျ မွေးမြူခြင်းစနစ်သို့သွားရန်၊ မွေးမြူထွက်ရှိလာသည့် ငါးကုန်ကြမ်းအား တန်ဖိုးမြှင့်စားသုံးကုန် ထုတ်လုပ် နိုင်ရေး ဆောင်ရွက်ရန်၊ ငါးကန်ဘောင်များတွင် မြေလပ်မရှိ သီးပင်စားပင်များစိုက်ပျိုးရန်နှင့် ဒေသကြက် တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တစ်ရက် တန်(၁၀၀)ကျ ဝေယံမိုးအဆင့်မြင့်ဆန်စက်သို့ ရောက်ရှိခဲ့ပြီး ဆန်စက်လုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူများ Contract Farming စနစ်ဖြင့် လယ်ယာလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံထားရှိရန်နှင့် မျိုးကောင်းမျိုးသန့်များ ဖြူးဖြူးပေးရန်နှင့် စွန့်ပစ်ပစ္စည်း စပါးခွံသုံး လျှပ်စစ်ဓါတ်အားပေးစက် Gasifier တပ်ဆင်သုံးစွဲနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့ပြီး ဆန်စက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

                ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသို့ရောက်ရှိခဲ့ပြီး ကျောင်းသား/သူများ၏ မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း တည်ထောင်ထားရှိမှု၊ တိရစ္ဆာန် အစာ ကုန်ကြမ်းရရှိရေး ပြောင်းစိုက်ခင်းနှင့် စာဖိုဆောင်သီးနှံ စံပြစိုက်ခင်းများအား လိုက်လံ ကြည့်ရှုအားပေး ခဲ့ပြီး စိုက်ပျိုးသီးနှံအလိုက် သုတေသနပြုလုပ်ငန်း ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်နှင့် သဘာဝ မြေဩဇာ ထုတ်လုပ်သုံးစွဲနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ အတွက် ဆန်၊ ဆီ၊ အသား၊ ငါး စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဆရာ/ ဆရာမ များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သုံးဆယ် မြို့ရှိ ဒေါ်သီတာလှ၏ မုန့်မျိုးစုံထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ ပြည်ပဈေးကွက်ရရှိရေး၊ FDA ထောက်ခံချက်ရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။