Home / 2024 / May / 15

Daily Archives: May 15, 2024

၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး မေ ၁၅ ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ(၁၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင် ပရိတ်သတ်များက (၂)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် တောင်ငူမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားနေမှု၊ (၃)ယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ရွှေတောင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် (၂)ယောက်တွဲ ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသူနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစား သမား ဆုရရှိသူတို့အား ဆုတံဆိပ်နှင့် ငွေသားဆုများကို …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တောင်ငူ မေ ၁၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါ လျက် မေလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေတာရှည်မြို့နယ်၊ ရေနီစက္ကူစက်ရုံ၌ ကောက်ရိုးပျော့ဖတ် စမ်းသပ်ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ မြို့လှမြို့ (၁)ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် ဦးဇေယျာမင်း၏ Light House ကော်ဖီမှုန့်လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လာမည့်မိုးရာသီတွင် တိုင်းဒေသကြီး အတွင်း ရိုဘက်စတာ(မြေနိမ့်ကော်ဖီ)အား ဧက(၁၀၀၀)စိုက်ပျိုးသွားမည်ဖြစ်၍ ဒေသထွက်ကုန်ကြမ်းပစ္စည်း များဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကာ ကော်ဖီမှုန့်အပြင် ကော်ဖီနှင့် ပတ်သက်၍ အသေးစား …

Read More »