Home / 2024 / May / 10

Daily Archives: May 10, 2024

၂၀၂၃-၂၀၂၄ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မေ ၁၀           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ကင်းထောက်ကျောင်းသား လူငယ်မောင်မယ်များက “ကင်းထောက်ဂုဏ်ရည်”သီချင်းဖြင့် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်း များ သင်တန်းဆင်းပွဲအား သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့ကြသည်။           ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့နိုင်ငံ၏ ရေမြေတောတောင် သဘာဝကို ချစ်မြတ်နိုး၍ ရင်ဆိုင်ရမည့် အခက်အခဲများအား ဖြေရှင်းတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီမှုများ၊ စည်းလုံးချစ်ကြည်မှုများ၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်စေရန်နှင့် မိမိကိုယ်မိမိ ယုံကြည်မှုများရှိလာ စေရေး လူငယ်ကင်းထောက်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ တစ်ဆက်တည်း နိုင်ငံတကာသုံး ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာ 4 …

Read More »