Home / 2024 / May / 12

Daily Archives: May 12, 2024

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ရွှေတိဂုံလေး စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွတ်တင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၁၂ =========== မေလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေတိဂုံလေးစေတီတော် မြတ်ကြီး အထွတ်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ရွှေတိဂုံလေးစေတီတော်မြတ်ကြီး အထွတ်တွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားအား  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော ဧည့်ပရိတ်သတ်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာန နာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယမဟာထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲများအား ဆရာတော် များထံ …

Read More »