Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 96)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန၊ ဝန်ထမ်းများမှ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၂၅ ===================           ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေလ(၂၅) ရက်နေ့၊ နံနက်(၉:၃၀) အချိန်က ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အကြိမ်(၇၀)မြောက် ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကျင်းပပြလုပ်ရာ  ပဲခူးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ စုပေါင်း၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများ၊ ပဲခူးခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများမှ ဝန်ထမ်းများက ရွှေမော်ဓော စေတီတော်မြတ်ကြီး မြောက်ဘက်မုခ် ကျောက်ပန်းတောင်းဓမ္မာရုံမှ စတင်ထွက်ခွာခဲ့ပြီး ရင်ပြင်တော်အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းကာ မေတ္တာသုတ်များ ရွတ်ဖတ်ပူဇော်ကန့်တော့ခဲ့ကြောင်း သိရှိရသည်။           အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး အနေကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၂၅ ————————–        ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်နေ့၊ မေလ(၂၅) ရက်နေ့ နံနက်ပိုင်းအချိန်က အနေကဇာတင်၊ ဆွမ်းတော်ကြီးတင်နှင့် ကဆုန်ညောင်ရေသွန်း လောင်းလှူပူဇော်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။      ရှေးဦးစွာ နံနက်(၅)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး မြောက်ဘက်အာရုံခံ တန်ဆောင်း၌ ဆွမ်းတော်ကြီးတင် ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များက အာရုံခံတန်ဆောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဆွမ်း၊ ဆွမ်းဟင်း၊ သစ်သီးဝလံများနှင့် ပန်း၊ ဆီမီးအမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။      ထို့နောက် နံနက်(၅:၃၀)နာရီအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံ၌ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အနေကဇာတင် အခမ်းအနား ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား “ဇယန္တော ဗောဓိယမူလေ” စသည့်ဗုဒ္ဓါဘိသေကဂါထာတော်များ ရွတ်ဖတ်ပူဇော်၍ အနေကဇာ တင်ကြပြီး ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦး ဝေါမြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝေါ မေ ၂၂ ======================= ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် မေလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ်အတွင်း‌‌ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် ဝေါမြို့နယ် ဖိုးဦးစိန်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃)ဝါရှိ ဦးစီးပဓာနနာယက ဘဒ္ဒန္တစန္ဒိမာမဟာထေရ် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ဖူးမြှော်ကန်တော့ခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့်အဖွဲ့သည် ဖိုးဦးစိန်ရွာဦးဘုန်းတော်ကြီး၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ရာ၊ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ဆက်သွားမည့် Road Map(၅)ချက်ကိုလည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများက လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုရေးလုပ်ငန်းများကိုလည်းကောင်း အသိပေး ပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ကျေးလက်လမ်း အဆင့်မြှင့်တင်ပေးရေး၊ ကုန်ထုတ်လမ်းရရှိရေး၊ …

Read More »

ပဲခူးတိုင်း‌ဒေသကြီးစီမံအုပ်ချုပ်‌‌ရေးကောင်စီ ဥက္ကဌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ ပဲခူးမြို့တွင်ဖွင့်လှစ်‌သည့် နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ပဲခူး မေ ၂၁ =======================      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီတို့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မေလ(၂၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ၂၀၂၁ ခုနှစ် နွေရာသီအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။     အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစား သင်တန်းသား/သူများတက်ရောက်ကြသည်။     ရှေးဦးစွာ သင်တန်းသား/သူအားကစားသမားများက အားကစားသစ္စာဓိဌာန်(၄)ချက်ရွတ်ဆိုခြင်း၊ သရုပ်ပြအဖွဲ့များက  ကရာတေးဒို၊ Fitness Dance ၊ မြန်မာ့သိုင်းစသည့် အားကစားနည်းများဖြင့် သရုပ်ပြသခြင်းများပြုလုပ်ကြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ စနစ်ကျသော စက်မှုဇုန်များ ဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူး မေ ၁၈ =======================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မေလ(၁၈) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က စနစ်ကျသော စက်မှုဇုန်များဖော်ဆောင်ပေးနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ယာဉ်ကြောပိတ်ဆို့မှုမရှိခြင်း၊ သီလဝါအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ လမ်းကြောင်းကောင်းမွန်ခြင်း၊ မြေနေရာများ ပေါများခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီးတွင် စက်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အား စက်မှုဇုန်ဥပဒေနှင့်အညီ အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုဇုန်များကြီးကြပ်ရေး ကော်မတီအနေဖြင့် မူဝါဒများချမှတ်၍ လမ်းညွှန်ပေးရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းများကြောင့် သဘာဝနှင့်လူမှုပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း သတိထားဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခု၌ စက်မှုဇုန်များ စနစ်တကျဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သာယာဝတီမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဆက်စပ်လျက် ရှိပြီး အနာဂတ်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ နိုင်သည်ဖြစ်၍ …

Read More »

ပဲခူးတိုင်းဒေသကြီးလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မေ ၁၈ =======================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ မေလ(၁၈) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လမ်းပန်း ဆက်သွယ်ရေးလုံခြုံမှုမှသည် ပြည်သူလူထု တစ်ဦးချင်းစီ၏ လုံခြုံရေးအထိ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်လိုအပ်မည်ဖြစ်၍ အဖျက်အမှောက်လုပ်ငန်းများ၏ သတင်းအချက်အလက်များ တိကျမှန်ကန်မြန်ဆန်စွာ ရရှိနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထု ၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်ဆီးစေသည့် မည်သည့်လုပ်ရပ်ကိုမဆို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မကြာမီ ကျောင်းဖွင့်ရာသီရောက် တော့မည်ဖြစ်၍ ကျောင်းတွင်း/ပြင် လုံခြုံရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် စနစ်တကျလုံခြုံရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်းဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ COVID-19 ရောဂါ ရောဂါပိုး ပြန်လည်တွေ့ရှိနေပြီဖြစ်၍ နယ်စပ်ဂိတ်များ သေခြာစွာစစ်ဆေး …

Read More »

ပဲခူးတိုင်းဒေသကြီး‌စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီမြို့ဟောင်း သိန္နီတံခါးပေါက် မြို့ရိုးတူးဖော်နေမှုနှင့် ကျုံးတူးဖော်ပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး မေ ၁၄ ==================            ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ နှင့်အတူ မေလ(၁၄)ရက်နေ့၊ နံနက်(၁ဝ:၃၀)အချိန်က ပဲခူးမြို့ရှိ ဟံသာဝတီမြို့ဟောင်း သိန္နီတံခါးပေါက် မြို့ရိုးတူးဖော်နေမှုနှင့် ကျုံးတူးဖော်ပြီးစီးမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံသည် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ လွန်စွာပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး “နိုင်ငံဂုဏ်ပြု ယဉ်ကျေးမှု”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အားလုံးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့တွင် တည်ရှိသည့် ဆင်ဖြူများရှင် ဘုရင့်နောင် မင်းတရားကြီး တည်ဆောက်ခဲ့သည့် ဟံသာဝတီမြို့ဟောင်းသည်လည်း နှစ်ပေါင်း (၄၅၄) နှစ်သက်တမ်းရှိပြီး စစ်ဘေး စစ်ဒဏ်၊ သဘာဝဘေးဒဏ်၊ စီမံခန့်ခွဲမှုအားနည်းချက်များနှင့် လူတို့၏ ကျူးကျော် ဖျက်ဆီးမှုဒဏ်များကြောင့် ရှေးဟောင်းယဉ်ကျေးမှု …

Read More »

ပဲခူးတိုင်းဒေသကြီး‌စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး(GAqP) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ပဲခူး မေ ၁၂ ==================      ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းသည် မေလ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း ၌ဖွင့်လှစ်သည့် ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေးအသိပညာပေး(GAqP) သင်တန်းဖွင့်ပွဲသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး၏ ငါးမွေးမြူထုတ်လုပ်မှုသည် တိုင်းဒေသကြီးအတွင်း ငါးစားသုံးမှုဖူလုံသည့်အပြင် EU နိုင်ငံများနှင့်  အခြားပြည်နယ်/တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချနေရပြီး ငါးမွေးမြူရေးလုပ်ငန်း ရှင်များအတွက် တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တစ်နေ့တစ်ခြား တိုးပွားလာသည့် လူဦးရေအတွက် ငါးစားနပ်ရိက္ခာ ပြည့်စုံဖူလုံဖို့ လိုအပ်သလို တစ်ဖက်မှာလဲ မွေးမြူထုတ်လုပ်သည့် ငါးများသည် စားသုံးသူများကို ဘေးဥပါဒ်အန္တရာယ် မဖြစ်စေဘဲ ထုတ်လုပ်မှသာ အဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော ငါးရိက္ခာများစားသုံးခြင်းဖြင့် ပြည်သူလူထုမှာ ကျန်းမာပြီး အသက်ရှည်မှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် …

Read More »

ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကျေးလက်လမ်းများအား ရှင်းလင်းတင်ပြ

ပဲခူး မေ ၁၁ =====================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ (၁၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် ကျေးလက်လမ်းများအား လာရောက်ရှင်းလင်းတင်ပြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက် လမ်း/တံတားများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက် လမ်း/တံတားများ စဉ်ဆက်မပြတ် ရေရှည်တည်တံ့ခိုင်မြဲမှသာ ကျေးလက်ထုတ်ကုန်များ ကုန်ကျ စရိတ်သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိနိုင်မည်ဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုကို လျော့ချ ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းများ ရာသီမရွေး သွားလာနိုင်သည့် လမ်းများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ရာတွင် ရရှိသည့်ဘဏ္ဍာငွေများ လေလွင့်မှုနည်းပါးစေရေး၊ စံချိန်စံညွှန်း အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အထူးအလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ …

Read More »

ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၈ ============     ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ မေလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဒိုက်ဦးကလပ်အသင်းနှင့် နေလင်းကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယ တပ်မမှူးနှင့် ဌာနဆိုင်ရာများတက်ရောက်ပြီး ကြည့်ရှုအားပေးကြသည်။       ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ စတုတ္ထဆုရရှိသော ဇိုင်းတောင် ကလပ်အသင်းနှင့် တတိယဆုရရှိသော ရွှေကျင်ကလပ်အသင်းတို့အား ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်ကလည်းကောင်း၊ ဒုတိယဆုရရှိသော ဒိုက်ဦးကလပ်အသင်းအား ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီဝင်(၁) ဗိုလ်မှူးကြီးလှမျိုးရွှေကလည်းကောင်း၊  အကောင်းဆုံးကစားသမားဆုနှင့် ဂိုးသမားအကောင်းဆုံးဆုရရှိသူ အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး …

Read More »