ပဲခူး ဇူလိုင် ၁၄ ==================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၁၄) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွာရောက်၍ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအား အခြေခံစားသောက် ကုန်များ သွာရောက်ထောက်ပံ့၍ အားပေးစကား ပြောကြားခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်ဆဲ Liquid Oxygen Plant အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စာချုပ်ချုပ်ဆို တည်ဆောက်သည့် ကုမ္ပဏီနှင့်အမြန်ဆုံးချိတ်ဆက်၍ ပြည်သူများအတွက်အမြန်ဆုံး အောက်စီဂျင် လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးနှင့် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ ကြိုတင်မှာယူတင်သွင်း သယ်ယူနိုင်ရေးတို့အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်မှ ဆေးရုံ၌ COVID-19 ရောဂါ ကုသပေးနေမှု …
Read More »Daily Archives: July 14, 2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းဦးဆောင်၍ တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၀/၂၀၂၁) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၂ ================== ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင် လ(၁၂)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း များများစစ်၊ များများတွေ့၊ များများ Facility Quarantine ထည့် စနစ်ဖြင့် ဆောင်ရွက်နေကြောင်း၊ COVID-19 ရောဂါ ကူးစက်မှုမခံရစေရေးအတွက် တစ်ဦးချင်း ကျန်းမာရေး အသိစိတ်ဓါတ်ဖြင့် ကာကွယ်ခြင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များ တွင် ထုတ်ပြန်ထားသည့် SOP နည်းလမ်းများ အတိုင်း လိုက်နာစေရေး ကြီးကြပ်ဆောင်ရွက်မှသာ ကုသရေးအပိုင်းတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး သေဆုံးမှုများလည်း …
Read More »
					
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website