Home / 2021 / July (page 3)

Monthly Archives: July 2021

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ငါးမျိုးစိုက်ထည့်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများသို့တက်ရောက်

ပဲခူး ဇူလိုင် ၂ ———————       ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂)ရက်နေ့  နံနက်(၈)နာရီအချိန်က ပဲခူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်တို့တွင် ကျင်းပပြုလုပ်သည့် ငါးမျိုး စိုက်ထည့်ခြင်းနှင့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၄၆)မိုင် (၂)ဖာလုံအနီး ပဲခူးမြို့နယ်အတွင်းရှိ ဝါးကတုတ်ဆည်သို့ သွားရောက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဝါးကတုတ်ဆည်အတွင်း၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ကာ ဆည်အတွင်းသို့ ငါးမြစ်ချင်းအကောင်ရေ(၁)သိန်းခွဲ၊ တောင်ပေါ်ငါးသလောက် အကောင်ရေ(၅)သောင်းနှင့်  ငါးခုံးမကြီးအကောင်ရေ (၅)သောင်းတို့ကို စိုက်ထည့်ပေးခဲ့ကြသည်။      ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်၊ ၈၇/၆ အနီး၊ ကျောက်တံခါးမြို့နယ်၊ အိုင်တုံကြိုးဝိုင်း၊ အကွက်အမှတ်(၇၇)ရှိ …

Read More »

၂၀၂၀-၂၀၂၁ ခု ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး ဇူလိုင် ၁ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁) ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က  ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ သားသမီးများ ပညာသင်ထောက်ပံ့ကြေးနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ကလေးငယ်များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများ သားကောင်းရတနာများဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များ ဖြစ်လာစေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိကြောင်း၊ ပညာရည်ပြည့်ဝသော နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက် လာမှသာ တိုင်းပြည်၏အနာဂတ်လည်း တောက်ပြောင်လာမှာဖြစ်ကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု သာမက လူအဖွဲ့အစည်းရှင်သန်မှုအတွက် အဓိက ရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏ သားသမီးများအား အကောင်းဆုံး ပြုစုပျိုးထောင်ပေး ကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း ဝန်ထမ်းများ၏ သား/သမီးများ ပညာရည်မြင့်မားစေရေးအတွက် ထောက်ပံ့ပေးနိုင်ရေး …

Read More »

ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၁) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁ ================           ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇူလိုင်လ(၁) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က  ပဲခူးတိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက   COVID-19 ရောဂါပိုး တွေ့ရှိမှုသည် နေ့စဉ်စာရင်းများအရ မြှင့်တက်လျက်ရှိ၍ ကာကွယ်ထိန်းချုပ်ရေးအပိုင်းကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်း သွားရမည်ဖြစ်ကြောင်း၊ ဆေးရုံသို့ ရောက်ရှိလာသည့် PUI လူနာများအား အောက်စီဂျင်လုံလောက်စွာ ရရှိနိုင်ရေး အောင်စီဂျင်အိုးများ ချက်ခြင်းဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံများ၌ အောက်စီဂျင်ပိုက်လိုင်းများ ပြင်ဆင် ရန်နှင့် အသစ်တပ်ဆင်ရန် လိုအပ်ပါက တင်ပြပေးရန်၊ ပြည်သူများ မဖြစ်မနေ အပြင်ထွက်ရပါက …

Read More »