အောက်တိုဘာ ၁၁ ==================== ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများအား အိတ်ဖွင့်တင်ဒါခေါ်ယူနေမှုအား သိရှိနိုင်ပါရန် အသိပေးကြော်ငြာအပ်ပါသည်- အပြည့်အစုံဖတ်ရှုရန်———————
Read More »Daily Archives: October 11, 2021
ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်း ကူညီထောက်ပံ့ ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ပြည် အောက်တိုဘာ ၁၁ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက ပြည်ခရိုင် နှင့် သာယာဝတီခရိုင်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကိုဗစ်- ၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ကူညီပေးခဲ့သော ပြည်မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းများ ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားကာတက်ရောက်လာသည့် လူမှုကူညီရေးအသင်း(၁၀)အတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၅၀)၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ကျန်းမာရေးအသုံးအထောက်အကူပြုပစ္စည်းများနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေး အသိပညာပေးတီရှပ်အင်္ကျီအထည်(၅၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် လူမှုကူညီရေးအသင်းများကိုယ်စား ကြီးမြတ်သူသာရေး /နာရေးအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူမှုကူညီရေးအသင်းဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၌ ဧရာဝတီ မြစ်ရေ တိုက် စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်ထားသည့် ပြောင်းရွှေ့စရိတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ဒေသခံပြည်သူများမှ လက်ခံရယူခဲ့ကြပြီး ဧရာဝတီမြစ် ရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှု အခြေအနေများအား ဒေသခံများ သိရှိစေရန် တာဝန်ရှိသူများက အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သာယာဝတီခရိုင် နတ်တလင်းမြို့ Oxygen Plant လည်ပတ်နေမှုနှင့် လက်ပံတန်း-မိုးညို-နတ်တလင်းလမ်းအား (၁၈)ပေအကျယ် ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ ပြီးနောက် နတ်တလင်းမြို့ မြို့မအထက်တန်းကျောင်းနှင့် အထက(နတ်တလင်း)ကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့ပြီး ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းရေး၊ ရေနုတ်မြောင်းတူးဖော်ပေးရန်၊ စာသင်ခုံလိုအပ်မှုနှင့် ကျောင်း တွင်းဧရိယာများ ကွန်ကရစ်ခင်း နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး Volunteer များအတွက် ကိုဗစ်ရောဂါ ကာကွယ်ရေး အသိပညာပေးတီရှပ်အင်္ကျီနှင့် စာသင်ကျောင်းများအတွက် ဘောလုံးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် သကျမဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး စေတီတော်ဘက်စုံပြုပြင် မွန်းမံနိုင်ရေး အလှူငွေကျပ်(၅)သိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် မြို့လည်ပရိယတ္တိ စာသင်တိုက် နှင့်ရတနာပုံမန္တလေးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်များအား သွားရောက် ဖူးမြော်ကန့်တော့ခဲ့ ပြီးဆွမ်းဆန်၊ ဆီ၊ ကုလားပဲ၊ ဆားနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်ရှိ အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့ရေပေးဝေရေး ရေစစ်ကန်နှင့်ရေကြည်စုကန် တူးဖော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကြို့ပင်ကောက်ဆေးရုံဝန်းအ တွင်း Oxygen Plant တပ်ဆင်ထားရှိမှုအား သွားရောက်ကြည်ရှုခဲ့ပြီး လျှပ်စစ်ဓါတ်အား အပြည့်အဝရရှိစေ ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့ သရက်ပင်ကန်ကျေးရွာရှိ မြန်မာတစ်နိုင်ငံအတွင်း အသက်အရှည်ဆုံးဖြစ်သည့် အဘွား ဒေါ်ထွေး(၁၂၈)နှစ်အား သွားရောက်ဂါရဝပြု ကန်တော့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု အချိန်ပြည့်ရရှိစေရေးနှင့် အစိုးရအဖွဲ့ အစီအစဉ် ဖြင့် လစဉ်ငွေကျပ်(၁)သိန်း ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နတ်တလင်း မြို့နယ် ရွာသာကုန်းကျေးရွာ၊ ဇီးကုန်းမြို့နယ် ညောင်ဇင်ကျေးရွာနှင့် ကြို့ပင်ကောက်မြို့နယ် ဥက္ကံကျေးရွာတို့ရှိ ပဲစိုက်တောင်သူများထံ နေကြာမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် စိုက်ပျိုးနည်းစနစ် များအား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Read More »