Home / 2021 / October / 14

Daily Archives: October 14, 2021

ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၄ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ အောက်တိုဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်မြေအခြားနည်းအသုံးပြုခွင့်များနှင့် ပတ်သက်၍ စိုက်ပျိုးမြေများအတွင်း မြို့သစ်ဖော်ထုတ်ခြင်း၊ စက်ရုံတည်ဆောက်ခြင်းနှင့် အိမ်ရာမြေ ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခြင်းမပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လမ်းညွှန်မှာကြားထားပြီး ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်နေသည့် တိုင်းဒေသကြီးဖြစ်သည့်အတွက် လယ်ယာမြေများအပေါ် မည်သည့် လုပ်ငန်းကိုမျှ အခြားနည်းအသုံးပြုခွင့် ခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း၊ တောင်သူလယ်သမားများ ဓာတ်မြေဩဇာ သွင်းအားစုစရိတ်ကြီးမြင့်မှုပေါ် ပြန်လည်ကုစားပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအစီ အစဉ်ဖြင့် မကြာမီ ဓာတ်မြေဩဇာ သွင်းအားစုများအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးရန် စီစဉ်ထားရှိပြီးဖြစ်၍ တောင်သူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေး အဖွဲ့စနစ်ဖြင့် စနစ်တကျ ကြီးကြပ် …

Read More »