Home / 2021 / October / 13

Daily Archives: October 13, 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီး၌ ဓါတ်လှေကားတည်ဆောက်ခြင်း ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၃ ========================================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်း စေတီတော်မြတ်ကြီးတောင်ဘက်မုခ်တွင် အောက်တိုဘာလ(၁၂)ရက်နေ့၊ မင်္ဂလာအခါ တော်အချိန် နံနက်(၉:၃၆)နာရီအချိန်က ဓါတ်လှေကားတည်ဆောက်ခြင်း ပန္နက်တော်တင်မင်္ဂလာအခမ်း အနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များက နေ့နံအလိုက် သတ်မှတ်နေရာ အသီးသီးတွင် နေရာယူကြပြီးနောက် မင်္ဂလာအခါတော်အချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများက ပန္နက်တော်တင်ခြင်း၊ အမွှေးနံသာရေများ ပက်ဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်ကြရာ ဩဝါဒါစရိယ ဆရာတော်/သံဃာတော်များက ဇယန္တော ဗောဓိယာမူလေ အစရှိသည့် အောင်ဂါထာ (၃)ပိုဒ်ကို ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ဟင်္သာကုန်းစေတီတော် ဓမ္မာဗိမာန်တော်ကြီး၌ အခမ်းအနား ဒုတိယပိုင်းကျင်းပ ပြုလုပ်ရာ ဆရာတော်/ သံဃာတော်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် …

Read More »