Home / 2021 / October / 17

Daily Archives: October 17, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ ၁၇ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့အတွင်း အသက်(၁၂)နှစ် နှင့်အထက် အခြေခံပညာကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ခဲ့ပြီး အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဆေးလာထိုးသူ ကျောင်းသား/သူများ၊ တာဝန်ကျ ဆရာ/ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အချိုရည်နှင့်အဟာရမုန့်များ ထောက်ပံ့ပေးအပ် ခဲ့သည်။           ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း (၂၂၄)ကျောင်း အတွက် ဆေးထိုးစုရပ်(၂၁)ခုတွင် အောက်တိုဘာလ(၁၇)ရက်နေ့မှ အောက်တိုဘာလ(၂၄)ရက်နေ့အထိ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာကျောင်းသား/သူ (၁၄၀၄၄)ဦးအား …

Read More »