Home / 2021 / October / 18

Daily Archives: October 18, 2021

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ သားဖွားသင်တန်းကျောင်း၌ သင်တန်းတက်ရောက် နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေး

ပဲခူး အောက်တိုဘာ ၁၈ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ သားဖွား သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းတက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေး ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းခန်းမ၌ သားဖွားသင်တန်း အပတ်စဉ်(၁၀၃)၊ ဒုတိယနှစ်သင်တန်းတက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး သင်တန်းကာလ(၆)လအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် သီးခြားထောက်ပံ့ငွေကျပ်(၁၀)သိန်းတို့အား ကျောင်းအုပ်ကြီးနှင့်သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် သင်တန်းစာသင်ဆောင်များ၊ လက်တွေ့ခန်း၊ ကျောင်းစာကြည့်တိုက်နှင့် ထမင်းစားဆောင်များ အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်း အပတ်စဉ်(၁၀၃)၊ …

Read More »