Home / 2021 / November

Monthly Archives: November 2021

တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညိှနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၃၀ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၃၀)ရက် နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညိှနှိုင်းအစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းသွားသော်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် သွားလာနေထိုင်နိုင်ရေး တင်းတင်းကြပ်ကြပ် ဆက်လက်ဆောင်ရွက်သွားရန်၊ အကြောင်းမျိုးမျိုးကြောင့် ကျန်ရှိသော အခြေခံပညာ ကျောင်းသား/ သူများ ရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားရန်၊ အများပြည်သူပါဝင်သည့် လူထုအားကစားလှုပ်ရှားမှုများလည်း သတ်မှတ်ထားသည့် အားကစား ပြက္ခဒိန်အတိုင်း ကျင်းပဆောင်ရွက်သွားရန်၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တက်မှုမရှိစေရေး အဖွဲ့စနစ်ဖြင့် ကွင်းဆင်းစိစစ် ဆောင်ရွက်သွားရန်၊ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ မြို့တိုင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး ဆောင်ရွက်သွားရန်နှင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားကြရန်၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနားတက်ရောက်

ပဲခူး နိုဝင်ဘာလ ၂၆ ================           ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်သည်။           အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီး/ ခရိုင် / မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး‌စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးနှင့် ကလေးသူငယ်ဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိ သူများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ အမျိုးသမီးကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် နိုင်ငံတော်အဆင့် ဆောင်းပါးပြိုင်ပွဲဆုရရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးတာဝန်ရှိသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၅ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက မြို့တိုင်းသန့်ရှင်းသာယာလှပစေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးတာဝန်ရှိသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာရေးအဖွဲ့သည် မိမိတို့၏ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အခွန်ဘဏ္ဍာငွေပေါ် မူတည်ဆောင်ရွက်ရခြင်းဖြစ်၍ မြို့ပေါ်ရှိ အခွန်ပုံး၊ အခွန်ရှောင်သူများဖော်ထုတ်၍ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ များရရှိအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ တိုးတက်ရရှိမှသာ မြို့သန့်ရှင်းသာယာလှပ စေရေး ပိုမိုဆောင်ရွက်ပေးနိုင် မှာဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ဆောင်ချက်သည် မြို့၏သန့်ရှင်းသာယာလှပမှုပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသည်ကို သတိချပ်စေလိုကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်းအများစုသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်ရသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ ပြည်သူလူထုနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းအား ဖြင့် စည်ပင်သာယာရေးလုပ်ငန်းများ …

Read More »

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၄ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာလ(၂၄)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေးအား ကျင်းပပြုလုပ် သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်း စုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အား များများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်ရသည့် တိုင်းဒေသကြီး တစ်ခုဖြစ်၍ သဘာဝမြေဩဇာစက်ရုံနှင့် တရိစ္ဆာန်အစာစပ်စက်ရုံများ တည်ဆောက်နိုင်ရေး ပြည်ပ လုပ်ငန်းရှင်များ  ဖိတ်ခေါ်၍ ဒေသတွင်းသို့ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ …

Read More »

နှစ်စဉ်ရေကြီးနစ်မြှုပ်လျက်ရှိသည့် ရေတာရှည်မြို့နယ်၊ စကွေး(မရိုးခုံ)ကျေးရွာအုပ်စု၊ မရိုးခုံကျေးရွာ စနစ်တကျ ပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၄ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ နှစ်စဉ်ရေကြီးနစ်မြှုပ် လျက်ရှိသည့် ရေတာရှည်မြို့နယ်၊ စကွေး (မရိုးခုံ)ကျေးရွာ အုပ်စု၊ မရိုးခုံကျေးရွာ စနစ်တကျပြောင်းရွှေ့ နေရာချထားပေး နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း နှစ်စဉ် ရေကြီးနစ်မြှုပ်လျက်ရှိသည့် မရိုးခုံကျေးရွာ စနစ်တကျပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ဆောင်ရွက် ရာတွင် လိုအပ်သည့် ရွာမြေတိုင်းတာကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းသွားရန်၊ မြေနေရာများအား မြေညှိရှင်း လင်းခြင်း ဆောင်ရွက်သွားရန်၊ ပြောင်းရွှေ့မည့်မြေနေရာနှင့်ပတ်သက်၍ မြေတည်နေရာ၊ အကျယ် အဝန်း၊ ပုံသဏ္ဍာန် မြေပြင်အနေထားတို့အရ နေထိုင်ရန်အကွက်ချပုံစံ၊ အိုးအိမ်ဦးစီးဌာနနှင့် ကျွမ်းကျင်အင်ဂျင်နီယာများ ပူးပေါင်း ရေးဆွဲရန်၊ အိမ်အကွက်ချနှင့် ရွာတွင်းလမ်းများ အကွက်ရိုက် တိုင်းတာပေးရန်၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး (GAqP) သင်တန်း(၇/၂၀၂၁)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ပဲခူး နိုဝင်ဘာ ၂၃ ==================      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး(GAqP) သင်တန်း(၇/၂၀၂၁)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ သည်။        ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ ငါးမွေးမြူ ထုတ်လုပ်မှုသည် ဒေသအတွင်း ငါးစားသုံးမှုဖူလုံသည့်အပြင် EU နိုင်ငံများနှင့်  အခြားပြည်နယ်/ တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချနေရပြီး ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တစ်နေ့တစ်ခြား တိုးပွားလာသည့် လူဦးရေအတွက် ငါးစားနပ်ရိက္ခာ ပြည့်စုံဖူလုံဖို့ လိုအပ်သလို တစ်ဖက်မှာလဲ မွေးမြူထုတ်လုပ်သည့် ငါးများသည် စားသုံးသူများကို ဘေးဥပါဒ်အန္တရာယ် မဖြစ်စေဘဲ ထုတ်လုပ်မှသာ အဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော ငါးရိက္ခာများစားသုံးခြင်းဖြင့် …

Read More »

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး စက်လှေကားတပ်ဆင် နိုင်ရေးနှင့် ဘက်စုံပြုပြင်မွန်းမံ နိုင်ရေးဆောင်ရွက်

ပဲခူး နိုဝင်ဘာ ၂၂ ===================             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၂) ရက်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များနှင့်အတူ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော် မြတ်ကြီး စက်လှေကားတပ်ဆင်နိုင်ရေးနှင့် ဘက်စုံပြုပြင်မွန်းမံနိုင်ရေး တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့သည်။             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကန်တော့ခဲ့ပြီး ရင်ပြင်တော်ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များက စေတီတော် မြတ်ကြီးဘက်စုံပြုပြင်မွန်းမံနိုင်ရေး ဆွေးနွေးတင်ပြခဲ့ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက် ဘက်မုခ်တွင် စက်လှေကားတပ်ဆင်နိုင်ရေး၊ စေတီပတ်လည် ကြွေပြားအသစ်ပြန်လည်ခင်းနိုင်ရေး၊ အဆင့်မြင့် အိမ်သာလိုအပ်ချက်၊ လျှပ်စစ်မီးလိုအပ်ချက်၊ ပြတိုက်ပြန်လည်ပြုပြင်မွန်းမံနိုင်ရေး၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အိုများ ဝှီးချဲဖြင့် ဘုရားဖူးနိုင်စေရေး အနောက်ဘက်မုခ်ရှိ အတက်/အဆင်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကမ္ဘောဇသာဒီနန်းတော်ရာဝန်းအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားများ ပိုမိုလာရောက် လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး

ပဲခူး နိုဝင်ဘာ ၂၁ ရက် ==============         ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ ကမ္ဘောဇသာဒီ နန်းတော်ရာဝန်းအတွင်း ပြည်တွင်း/ပြည်ပ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရေး ပြင်ဆင် ဆောင်ရွက် ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ကုမ္ပဏီတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ ပျော်ရွှင်အေးချမ်းလုံခြုံစွာ အနားယူအပန်းဖြေလည်ပတ်နိုင်ရေးအတွက် ဖျော်ဖြေရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ဗဟုသုတလေ့လာနိုင်ရေးကဏ္ဍများ ဆောင်ရွက်ထားရှိမှုအခြေ အနေများကို လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကမ္ဘောဇသာဒီနန်းတော်သည် ဒုတိယမြန်မာနိုင်ငံ တော်ကို တည်ထောင်သူ ဘုရင့်နောင်မင်းတရားကြီး ထီးနန်းစိုက်ရာ နေရာဖြစ်၍ ပြည်တွင်းသာမက ပြည်ပ နိုင်ငံ များကပါ …

Read More »

ပဲခူးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၀ ==============      ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်ခန်းမဆောင်တွင် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။      ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးသူငယ်အခွင့်အရေးများကို ကလေးသူငယ်တိုင်း ခံစားရရှိအောင် ဆောင်ရွက်ပေးပြီး ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များအတွက်သာမက အနာဂတ်နိုင်ငံတော်အတွက် အကျိုးအမြတ်များစွာ ပြန်လည်ရရှိနိုင်သည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ကလေးသူငယ်တို့အတွက် အကောင်းဆုံး အကျိုးစီးပွားရရှိစေရန် မိဘ၊ ဆရာ၊ ရပ်ရွာ၊ ဌာနဆိုင်ရာများ၊ ရပ်ရွာအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ NGOများနှင့် ပူးပေါင်းဆောင်ရွက်သွား ကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အကြိုလှုပ်မှု အားကစား ပြိုင်ပွဲများတွင် ဆုရရှိကြသော …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များအတွက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားအထောက်အကူပြုပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူး နိုဝင်ဘာ ၁၉ =========================== ‌           ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားခန်းမ၌ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသ ကြီးအတွင်း ကျန်းမာကြံ့ခိုင်ရေးနှင့် ကဏ္ဍအလိုက် အားကစားထူးချွန်သူများ ပေါ်ထွက်လာစေရေး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များအတွက် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစား အထောက်အကူပြု ပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူလူထုအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ကောင်းမွန်ပြည့်စုံအောင် စီမံဆောင်ရွက်ပေးလျက်ရှိသလို အားကစားကဏ္ဍ ကိုလည်း ယခင်ကထက် ပိုမိုအားပေးပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီး အတွင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အလားအလာရှိသော လူငယ် မျိုးဆက်သစ် အားကစားသမားများ ရှာဖွေလေ့ကျင့်ပေးပြီး ခရိုင်/မြို့နယ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှ တစ်ဆင့် တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာအောင် လူရွေးချယ်ရေး …

Read More »