ပဲခူး ဇန်နဝါရီလ ၈ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများကျန်းမာကြံ့ခိုင်ရေးကိုဦးတည်၍ သရေ ခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော်အား ကျင်းပပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်မည့် စက်ဘီးစီး သမားများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ပြည့်စုံအောင် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နယ်မြေမှာ ကျင်းပခြင်းဖြစ်၍ ပြိုင်ပွဲ အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ ခရီးမိုင်(၁၀)မိုင်ခန့် စက်ဘီးစီးရမည်ဖြစ်၍ ခရီးစဉ်တစ်လျောက် ခဏရပ်နားရန်နေရာ၊ ရေသန့်နှင့် အအေးဗူးများ ပေးဝေ နိုင်ရေး သတ်မှတ်နေရာများ …
Read More »