Home / 2022 / March / 22

Daily Archives: March 22, 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်

ပဲခူး မတ် ၂၂ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များကိုလည်း လိုက်နာသွားရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများ စိတ်အမောပြေနိုင်စေရေးနှင့် စုစည်း ပေါင်းစု ပျော်ရွှင်မှုဆိုသည့် မိသားစုအသွင်သဏ္ဍာန်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်အကျနေမှစ၍ သင်္ကြန်အကြတ်နေ့အထိ ဖျော်ဖြေရေးဗဟို မဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လမ်းလျှောက်သင်္ကြန်နှင့် ဌာနဆိုင်ရာ စတုဒီသာမဏ္ဍပ်များလည်း ထပ်မံထည့်သွင်းရမည်ဖြစ်ကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၂၁ ==================           ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေသည့် အားကောင်းသောမုန်တိုင်းငယ် (Depression)၏ အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ် ခြင်း၊ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မုန်တိုင်းလမ်းကြောင်းသည် အချိန်မရွေး ပြောင်းလဲနိုင်သဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ ခြင်း၊ ချောင်း/မြစ်ရေမြင့်တက်ခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မြစ်/ချောင်းကမ်းနားရှိ ရပ်ကွက်/ကျေးရွာများအား မိုးလေဝသ အခြေအနေများ ကြိုတင်အသိပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ အားကစား ခန်းမများ၊ စာသင်ကျောင်းများတွင် …

Read More »