Home / 2022 / May / 12

Daily Archives: May 12, 2022

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေး

သာယာဝတီ မေ ၁၂ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မေလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိခဲ့ပြီး လူနာစောင့်များ၊ ဆေးရုံ တက်လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပြီး ဆေးရုံအတွက် လိုအပ်လျက်ရှိသော လူနာစောင့် နားနေဆောင် တိုးချဲ့ပေးနိုင်ရေး တွက်ချက်တင်ပြရန်၊ ဆေးရုံတွင်း/ပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ တောရာကုန်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းသိန်း၏ ဒေသကြက်ကောင်ရေ(၃၅၀၀) မွေးမြူအောင်မြင်နေမှုအား …

Read More »