Home / 2022 / May / 04

Daily Archives: May 4, 2022

တိုင်းဒေသကြီး ဝန်ကြီးချုပ် ညောင်လေးပင်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ညောင်လေးပင် မေ ၃ ================= တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများနှင့်အတူ မေလ(၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ညောင်လေးပင်မြို့အား ခရိုင်မြို့အဖြစ် အဆင့်မြှင့်ထုတ်ပြန်ခဲ့ပြီးဖြစ်၍ ခရိုင်မြို့စံချိန်စံညွှန်းနှင့်အညီ လိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး စသည်တို့ကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လိုအပ်ချက်များရှိပါက တင်ပြပေးရန် လိုအပ်ကြောင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးအား သမားရိုးကျ မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးမွေးမြူခြင်းမျိုးမဟုတ်ဘဲ ခေတ်မီသိပ္ပံနည်းကျ …

Read More »

မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

ပဲခူး မေ ၂ =====================           ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ မေလ(၂)ရက်နေ့၊ နံနက် ပိုင်းက မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ (၁)နှစ်တာ ကာလ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ခြင်းအတွက် ဆရာ/ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း၊ ပညာသင်နှစ်တစ် လျှောက်လုံး ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် အခြားအခက်အခဲများ ကြားမှ သင်ကြားသင်ယူမှုလုပ်ငန်းများ၊ စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းများကို အောင်မြင်ပြီးမြောက် အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ၏ စွမ်းဆောင်ရည်ကြောင့်ပင်ဖြစ်၍ (၉-၄-၂၀၂၂)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဆရာ/ဆရာမ များရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ဖော်ပြခဲ့ပြီးလည်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သော လူစွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးမည့် ပညာရေးသည် …

Read More »