Home / 2022 / June

Monthly Archives: June 2022

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များ ရရှိခဲ့သည့် ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၄ ==================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေး တံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား သမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံ့လ၊ ဝီရိယကြီးမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှု ရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုတစ်ခုဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားရေးစိတ်ဓာတ်များကိုအခြေခံပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေး ခိုင်မာသောစိတ်ဓာတ် များဖြင့် ယှဉ်ပြိုင်ခဲ့သည့်အတွက် တိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအောင်မြင်မှု ရရှိခဲ့ကြတာ အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအလည်မှာ အမိမြန်မာနို်ငငံတော်အလံကို …

Read More »

ငါးရိက္ခာပြည့်စုံလုံလောက်မှုရှိစေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ခိုင်မာသည့်ဈေးကွက်တစ်ခုရရှိစေရေး ဆောင်ရွက်ပေးနိုင်ခဲ့

သာယာဝတီ ဇွန် ၂၂ ==========================  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအနီး မြစ်မခမြစ် သဘာဝရေပြင်၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တို်ငးဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မြစ်မခမြစ် သဘာဝရေပြင်အတွင်းသို့ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီးနှင့် ငါးမြစ်ချင်း ငါးကောင်ရေ(၃)သိန်းအား စုပေါင်းငါးမျိုးစိုက်ထည့်ပေးခဲ့သည်။ အဆိုပါ မြစ်မခမြစ်အတွင်း ဒေသငါးမျိုး စိုက်ထည့်ပေးခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိစေသည့်အပြင် ဒေသတွင်း ငါးရိက္ခာပြည့်စုံလုံလောက်စေခြင်း၊ ရေနေသတ္တဝါများ၏ ဇီဝစနစ် ပြန်လည်ရှင်သန်စေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်မြောင်း၊ မြစ်ချောင်းများအတွင်း ယခုနှစ်၌ ငါးမျိုး(၁၂၄.၄)သိန်း ငါးမျိုးစိုက်ထည့်ရန် စီစဉ်ထားရှိပြီး သာယာဝတီခရိုင်အတွင်း ငါးမျိုးစုံ(၁၇)သိန်း ငါးမျိုးစိုက်ထည့်ရန် လျာထားလျက်ရှိကြောင်း သိရှိရသည်။ ထို့နောက် မြစ်မခမြစ်ဘေး၌ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇွန် ၂၁ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်) သိုလှောင်ရုံ(၁)ဝန်း ရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက  ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ယာယီအသုံးပြုနိုင်ရေး  အဆောက် အဦများ လျာထားဆောင်ရွက်မှု အခြေအနေနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများအတွက် မြေနေရာလျာထားမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးနှင့် လုံခြုံရေးများ ကြိုတင်စီမံ ဆောင်ရွက်ထားရန် လမ်းညွှန် မှာကြားခဲ့ပြီးနောက် ခရိုင်အဆင့် ဌာနဆိုင်ရာရုံးများ ယာယီအသုံးပြုမည့် အဆောက်အဦများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ …

Read More »

ပဲခူးတို်ငးဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် ဇွန် ၂၀ ==================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့်အတူ ဇွန်လ (၁၉)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတို်ငးဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ကျောသာ ကျေးရွာအုပ်စု၌ စိုက်ပျိုးထားရှိသည့် မိုးမြေပဲ(မကွေး-၁၅) ဧက(၂၀) မျိုးစေ့ ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မိုးမြေပဲအပြင် ရာသီအလိုက် ဒေသနှင့်ကိုက်ညီသည့် အခြား ဆီထွက်သီးနှံများအား ကျေးရွာများအလိုက် စံပြစိုက်ခင်းများ စိုက်ပျိုးပြသ နိုင်ရေးနှင့် မျိုးလိုအပ်ချက် အချိန်မီရရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီး (၅)ထပ် RCC ဓာတ်လှေကားပါ ငလျင်ဒဏ်ခံဆေးရုံကြီး တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်နှင့် အညီ အချိန်မီပြီးစီးရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကမ်းပြိုကာကွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း ဇွန် ၁၈ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန် ရှိသူများနှင့်အတူ ဇွန်လ(၁၈)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်ခရိုင်အတွင်း ကမ်းပြိုကကာကွယ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကျွဲရဲကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၅၀)ဖြင့် ဆောင်ရွက်လျက်ရှိသော ဘူးရိုးချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ကျွဲရဲကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာမများနှင့် ကျေးလက် ကျန်းမာရေးဝန်ထမ်းတို့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ တောင်ဘွေကျေးရွာ အုပ်စု၊ ဧရာဝတီမြစ်ကမ်းဘေး မြေနုကျွန်းပေါ်၌ မိုးနေကြာမျိုးစေ့ထုတ် သီးသန့်စိုက်ခင်း (၂၄)ဧကနှင့် မြောင်ရှည်ကျေးရွာ တောင်သူဦးစောမြင့်၏ မိုးနှမ်း(၉)ဧက အောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကြည့်ရှု …

Read More »

ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပန်းတောင်း ဇွန် ၁၈ ================= ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၈)ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါတရားရုံး အဆောက်အဦရှေ့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက် ခဲ့သည်။ ရှေးဦးစွာ ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ်အား ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တရားရုံးအဆောက် အဦသစ် ကမ္ဗည်းမော်ကွန်းကျောက်စာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တရားရုံးအဆောက်အဦသစ်အား လှည့်လည် ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အဖွင့်အမှာစကား အမှာစကားပြောကြားခဲ့ပြီး ပန်းတောင်းမြို့နယ်တရားရုံး အဆောက်အဦသစ် တာဝန်ယူတည်ဆောက်သည့် Royal Prome Co.,Ltd …

Read More »

ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၁၇ ================       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ဇွန်လ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။             အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲအားကစားသမားများ၊ ကျောင်းသား/ သူများ၊ အားကစားဝါသနာရှင် ပရိသတ်များတက်ရောက်ကြပြီး ရွှေတောင်မြို့နယ် အသင်းနှင့် အုတ်ဖိုမြို့နယ်အသင်းတို့ (၂)ယောက်တွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစား နေမှုနှင့် နတ်တလင်းမြို့နယ် အသင်းနှင့် ပေါင်းတည်မြို့နယ်အသင်းတို့ (၃)ယောက်တွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှု့ အားပေးခဲ့ကြသည်။           ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ (၂)ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသူနှင့် (၃)ယောက်တွဲပြိုင်ပွဲတွင် ရိုက်ခုတ်အကောင်းဆုံးဆု၊ …

Read More »

ဆည်ရေသောက်ဧရိယာများ မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇွန် ၁၅ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် ဝန်ကြီးချုပ်မှ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အထွက်တိုး  မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာများ ထုတ်လုပ်အသုံးပြု နိုင်ရေးနှင့် ရေချိုများ အလေအလွင့်မရှိစေရေး လမ်းညွှန်မှာကြားချက်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးအတွင်း ယခင်က တစ်နှစ်(၁)သီး စိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ်(၂)သီး စိုက်ပျိုးနိုင်ရေး၊ ယခင်တစ်နှစ်(၂)သီး စိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ရန်နှင့် မိမိတို့အစိုးရအဖွဲ့မှ လိုအပ်သော စိုက်ပျိုးရေရရှိရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးတို်ငးဒေသကြီး (အရှေ့ခြမ်း)နှင့် ပဲခူးတို်ငးဒေသကြီး (အနောက်ခြမ်း)တို့တွင် …

Read More »

ဆရာတော်ကြီးများ၊ သက်ကြီးရွယ်အို ဘိုးဘွားများနှင့် မသန်စွမ်းသူများ အေးဆေးသက်သာစွာ ဘုရား ဖူးမြော်နိုင်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဓါတ်လှေကား တပ်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့

ပဲခူး ဇွန် ၁၃ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်တည်ဆောက်ခဲ့သည့် ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး ဓာတ်လှေကားဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါစေတီတော်မြတ်ကြီး တောင်ဘက်မုခ် ဓာတ်လှေကားရှေ့တွင် ကျင်းပပြု လုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း သာသနာတော် စည်ပင်တိုးတက်ပြန့်ပွား စေရေးနှင့် အဓွန့်ရှည်တည်တံ့ ခိုင်င်မြဲစေရေး ပဋိယတ္ထိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ဆား စသည် တို့ကို အစဉ်ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် သာသနာရေးဆိုင်ရာ ကျင်းပသော စာမေးပွဲများ၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးမြို့ရှိ ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ် ကြီးတွင်လည်း အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်၊ …

Read More »

ပဲခူးတက္ကသိုလ်အတွက် ရုက္ခဗေဒဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်များ လေ့လာ ဆည်းပူးနိုင်ရေး သစ်မျိုးစုံစိုက်ခင်း ထူထောင်ပေးနိုင်ခဲ့

ပဲခူး ဇွန် ၁၂ =========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်ဧရိယာ အတွင်း သစ်မျိုးစုံစိုက်ခင်း စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတက္ကသိုလ်ဧရိယာအတွင်း သစ်မျိုးစုံစိုက်ခင်း (စံပြသစ်တောစိုက်ကွက်) (၄)ဧကတွင် ဒေသတွင်း ပေါက်ရောက်ဖြစ်ထွန်းနိုင်ပြီး စီးပွားရေးအရ အဖိုးတန် အသုံးဝင်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်း အစရှိသည့် သစ်မျိုး(၁၃)မျိုး၊ အပင် ပေါင်း(၁၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးပေးခြင်းအားဖြင့် ရုက္ခဗေဒဘာသာရပ် သင်ကြားနေသည့် တက္ကသိုလ် ဆရာ/ဆရာမများ၊ ဆည်းပူးလေ့လာနေသည့် ကျောင်းသား/သူများအတွက် အနီးကပ်ဆည်းပူးလေ့လာနိုင်စေရေး စိုက်ပျိုးပေးရခြင်းဖြစ်ကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် လူသား အကျိုးစီးပွားအပြင် နောင်အနာဂတ်အတွက် ကောင်းမွန်သောလူ့မှုဘဝ ပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဟေဂစနစ်များ …

Read More »