Home / 2022 / June / 24

Daily Archives: June 24, 2022

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များ ရရှိခဲ့သည့် ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၄ ==================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေး တံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား သမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံ့လ၊ ဝီရိယကြီးမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှု ရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုတစ်ခုဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားရေးစိတ်ဓာတ်များကိုအခြေခံပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေး ခိုင်မာသောစိတ်ဓာတ် များဖြင့် ယှဉ်ပြိုင်ခဲ့သည့်အတွက် တိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအောင်မြင်မှု ရရှိခဲ့ကြတာ အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအလည်မှာ အမိမြန်မာနို်ငငံတော်အလံကို …

Read More »

ငါးရိက္ခာပြည့်စုံလုံလောက်မှုရှိစေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ခိုင်မာသည့်ဈေးကွက်တစ်ခုရရှိစေရေး ဆောင်ရွက်ပေးနိုင်ခဲ့

သာယာဝတီ ဇွန် ၂၂ ==========================  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွန်လ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအနီး မြစ်မခမြစ် သဘာဝရေပြင်၌ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တို်ငးဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မြစ်မခမြစ် သဘာဝရေပြင်အတွင်းသို့ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီးနှင့် ငါးမြစ်ချင်း ငါးကောင်ရေ(၃)သိန်းအား စုပေါင်းငါးမျိုးစိုက်ထည့်ပေးခဲ့သည်။ အဆိုပါ မြစ်မခမြစ်အတွင်း ဒေသငါးမျိုး စိုက်ထည့်ပေးခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိစေသည့်အပြင် ဒေသတွင်း ငါးရိက္ခာပြည့်စုံလုံလောက်စေခြင်း၊ ရေနေသတ္တဝါများ၏ ဇီဝစနစ် ပြန်လည်ရှင်သန်စေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ဆည်မြောင်း၊ မြစ်ချောင်းများအတွင်း ယခုနှစ်၌ ငါးမျိုး(၁၂၄.၄)သိန်း ငါးမျိုးစိုက်ထည့်ရန် စီစဉ်ထားရှိပြီး သာယာဝတီခရိုင်အတွင်း ငါးမျိုးစုံ(၁၇)သိန်း ငါးမျိုးစိုက်ထည့်ရန် လျာထားလျက်ရှိကြောင်း သိရှိရသည်။ ထို့နောက် မြစ်မခမြစ်ဘေး၌ …

Read More »