Home / 2022 / June / 11

Daily Archives: June 11, 2022

ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Board စိုက်ထူပွဲ အား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး ဇွန် ၁၁ ============= ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Board စိုက်ထူပွဲကို ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကျန်းမာရေးသင်တန်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့ပေါ် ပညာရေးဝန်ထမ်း များ၊ ကျောင်းသား/သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Boardအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။         အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ …

Read More »

(၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား အအေးဗူး များ ဆက်ကပ်လှူဒါန်း

ပဲခူး ဇွန် ၁၀ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့၊ တာဝန် ရှိသူများနှင့်အတူ ဇွန်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ (၂၉)ကြိမ် မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များနှင့် သီလရှင်များအား အအေးဗူးများ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်  စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကန်တော့ပြီး နဝကမ္မ အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  (၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ပြီး အအေးဗူးများ ဆက်ကပ်ခဲ့ကြ သည်။ အဆိုပါ အစိုးရနိကာယ်စာမေးပွဲအား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ သံဃာတော် များနှင့် သီလရှင်များ စုစုပေါင်း(၂၂၅)ပါး အေးချမ်းတည်ငြိမ်စွာဖြင့် စာမေးပွဲ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ‌အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၈ ================ ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်းတွင် ဇွန်လ(၈)ရက်နေ့ ညနေပိုင်း အချိန်က ၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား (၂၈)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင် ပရိသတ်များ တက်ရောက်ကြပြီး ဝေါမြို့နယ်ဘောလုံးအသင်းနှင့် လက်ပံတန်း မြို့နယ် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေး ကြသည်။            ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပွဲစဉ်တလျှောက် အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်း အကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် အကောင်းဆုံး ဘောလုံးသမားဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများကို လူမှုရေးရာဝန်ကြီးနှင့် သယံဇာတရေးရာ ဝန်ကြီးတို့က …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် သနပ်ပင်မြို့နယ်သို့ ပညာရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

သနပ်ပင် ဇွန် ၇ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင် မြို့နယ်သို့  ပညာရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်း ကျောင်း(သနပ်ပင်) သို့ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းအတွင်း ရေဝင်ရောက်မှုကာကွယ်ရန် မြေဖို့ဆောင်ရွက်ပြီးစီးမှု၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူ ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုနှင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းအတွင်း ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်နှင့်အညီ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အခြေခံပညာအထက်တန်းကျောင်း(သနပ်ပင်)၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေသည့် …

Read More »