Home / 2022 / July / 14

Daily Archives: July 14, 2022

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၁၄ ================== တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ဇူလိုင်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၉) ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေအတွင်း တည်ဆောက်ထားသော Myanstar Garment Co., Ltd ၏ အနောက်တိုင်း ဝတ်စုံထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံတာဝန်ခံမှ စက်ရုံ၏ အခြေခံအချက် အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံအတွင်း အနောက်တိုင်းဝတ်စုံ ချုပ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်း(CSR)များ တိုးချဲ့ဆောင်ရွက်သွားရန်၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ရန်နှင့် သီးခြားလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ …

Read More »