Home / 2022 / July / 16

Daily Archives: July 16, 2022

ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၆ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)အား ဇူလိုင်လ(၁၅)ရက်နေ့ မွန်းလွဲ ပိုင်းက ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့သည် ပင်လယ်နှင့်ဆက်စပ်လျက်ရှိပြီး ခေါင်းလောင်းပုံ (Bell-Mouth)အတွင်း ကျရောက်လျက်ရှိ၍ မိုးတွင်းကာလ စစ်တောင်းမြစ်ရေ တိုက်စားခံရသည့်အပြင် ပင်လယ်ဒီရေသက်ရောက်ပြီး မြစ်ကမ်းပါး ပြိုကျမှုများကြောင့် လယ်မြေများ၊ ရွာမြေများ ပျက်စီးဆုံးရှုံး လျက်ရှိကြောင်း၊ ဒီအခြေအနေကို ကာကွယ်နိုင်ရန်အတွက် ဝါးတိုင်စိုက်လှိုင်းကာရေကာနှင့် ဝါးတိုင်စိုက် ရေလွှဲရေကာ လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပြီး သဘာဝနည်းဖြင့် ကာကွယ်နိုင်ရေး ဒီရေတော စိုက်ပျိုးခြင်းများလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒီရေတောများ ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ဒေသခံများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီရေတောများ အောင်မြင်ဖြစ်ထွန်း …

Read More »