ပဲခူး အောက်တိုဘာ ၂ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အနောက်ပိုင်းရပ်ကွက်၊ အမှတ်(၂၉)ရှိ ဦးအေးဝင်း၏ သံရည်ကျိုပုံလောင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။ ရှေးဦးစွာ သံရည်ကျိုပုံလောင်းလုပ်ငန်းပိုင်ရှင် ဦးအေးဝင်းက ကုန်ကြမ်းဝယ်ယူမှု၊ သံရည်ကျိုခြင်း၊ ကုန်ချောထုတ်လုပ် ပုံအဆင့်ဆင့်၊ ကုန်ချောသိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များအား လုပ်ငန်းခွင် အတွင်း လိုက်လံရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို မြှင့်တင်ပေးရန်လာရောက်ရခြင်းဖြစ်ပြီး ကုန်ကြမ်းရရှိမှုပေါ်မူတည် လုပ်ကိုင်နေရသည်ကိုသိရှိရ၍ ကုန်ကြမ်းများ ဈေးနှုန်းသက်သာ စွာဖြင့် လွယ်ကူစွာရရှိနိုင်ရေး၊ အချို့ကုန်ချောများသည် စင်္ကာပူနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ လစဉ်တင်ပို့ပေးနေရသော်လည်း တစ်ဆင့်ခံဖြစ်နေသဖြင့် ထိုက်သင့်သည့်ဈေးနှုန်းမရရှိ၍ တိုက်ရိုက်ချိတ်ဆက်ပြီး …
Read More » 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
				