Home / 2022 (page 27)

Yearly Archives: 2022

ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၃ ============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးခင်ရီမှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအေးမောင်ကြည်၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်နှင့် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာ များကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေကျပ်သိန်း(၂၀)အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ပန်းခင်းစီမံချက်တွင် ထူးထူးချွန်ချွန်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ပေါက်ခေါင်းမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးဦးထွန်းမြင့်ဦးနှင့် ဒိုက်ဦးမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်လဝကမှူး ဦးရဲဇာနည်အောင်တို့အား ရာထူးတစ်ဆင့်တိုး ပေးခြင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အမှတ်(၇၇)‌ခြေမြန်တပ်မ ဌာနချုပ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၁ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ (၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်း စုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် အသုံးဝင်သည့် ဓာတ်မြေဩဇာထုတ်လုပ်ရေးလုပ်ငန်းများနှင့် လုပ်သားအင်အား များများအလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအား ရသင့်ရထိုက်သည့် အခွင့်အရေးများ ခံစားရရှိနိုင် ရန်နှင့် ဥပဒေအရ အကာအကွယ်ပေးရမည့် လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများခွင့်ပြုချထားပေးရာတွင် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို မထိခိုက်စေရန်နှင့် စက်မှုဇုန်ဥပဒေအရ လိုက်နာရမည့် စည်းကမ်းချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်မှ …

Read More »

အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော် ကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်

ပဲခူး ဇန်နဝါရီလ ၂၀ ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီ လ(၂၀) ရက်နေ့၊ မွန်းလွဲပိုင်းက အားကစားဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်၍ သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး ပွဲတော်အား ကျင်းပပြု လုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်မည့် စက်ဘီးစီးသမားများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ပြည့်စုံအောင် ဆောင်ရွက်ပေးရန်နှင့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်နယ်မြေမှာ ကျင်းပခြင်းဖြစ်၍ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးနန္ဒအောင်က အားကစားဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး သရေခေတ္တရာ ပျူမြို့ဟောင်း အပျော်တမ်းစက်ဘီးစီး …

Read More »

တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၀ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၀)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး/ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်သည် ဟူသော အားကစားဆိုင်ရာ ခံယူချက်အတိုင်း အားကစား ကဏ္ဍမြှင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက် ကျန်းမာသန်စွမ်း သော၊ စွမ်းရည်ထက်မြတ်သော နိုင်ငံသားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲ များတွင် ပဲခူးတိုင်းဒေသကြီးပြေးခုန်ပစ် အသင်းမှ တံခွန်စိုက်ဆုဖလား များရရှိထားပြီး ဆက်လက်၍လည်း ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင် ပြေးခုန်ပစ်အသင်းမှ တစ်ဦးချင်း ဆုနှင့် အသင်းလိုက်ဆုဖလားများရရှိအောင် စိတ်ဓာတ် စည်းကမ်းပြည့်ဝစွာ …

Read More »

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၉ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ အခမ်းအနားအား စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ခရိုင်အလိုက် သစ်သီးဝလံ ပန်းမံပြပွဲများလည်း ထည့်သွင်းထားသလို ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာ ရောင်းချသည့် ဈေးဆိုင်ခန်းများ ထည့်သွင်းသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲ/ပြိုင်ပွဲများအတွက်လည်း ထိုက်သင့်သည့် ဆုပေးပွဲ အခမ်းအနားများ ကျင်းပပြုလုပ်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။           ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ဖွဲ့စည်းပေး ထားသည့် ဆပ်မကော်မတီ(၁၃)ခုမှ ဥက္ကဋ္ဌများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်သွားမည့် အခြေ အနေများကိုလည်းကောင်း …

Read More »

ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ အသိပေးကြေညာခြင်း

ဝေါ ဇန်နဝါရီ ၁၈ ===================== ဝေါမြို့၊ အရှေ့ဘက်ကမ်းဈေးသစ်ရှိ ဝယ်ယူထားသော ဆိုင်ခန်းများနှင့် ပတ်သက်၍ ဆိုင်ခန်းငှားရမ်းခများအား (၃၁-၁-၂၀၂၂)ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရန် ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ (နောက်ဆုံးအကြိမ်) အသိပေး ကြေညာအပ်ပါသည်-   အပြည့်အစုံကြည့်ရှုရန်————————-

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ ဇန်နဝါရီ ၁၇ ==================           တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ကွန်ပျူတာတက္ကသိုလ်သို့ သွားရောက်ခဲ့ရာ တက္ကသိုလ်ရုံးခန်း၌ ဒုတိယပါမောက္ခချုပ် ဒေါက်တာကြူကြူဝင်းက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များနှင့် သီးခြားလိုအပ်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီးနောက် ဆရာ/ဆရာမများအား ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ပေးအပ်ခဲ့ပြီး တက္ကသိုလ်စာသင်ဆောင်၊ တက္ကသိုလ်ခန်းမ၊ Server Room၊ အားကစားခန်းမတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့ စက်မှုအထက်တန်းကျောင်းရှိ စာသင်ဆောင်နှင့် သင်ကြားရေးအထောက်အကူပြု အလုပ်ရုံများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ပေးအပ်ခဲ့သည်။             ဆက်လက်၍ …

Read More »

တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

တောင်ငူ ဇန်နဝါရီ ၁၇ ==================== တောင်ငူမြို့၊ ကေတုမတီခန်းမ၌ ဇန်နဝါရီလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူခရိုင် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်း လူဦးရေ(၁၅၉၅၇၆)ဦး ဆောင်ရွက်ပေး ရမှာဖြစ်ကြောင်း၊ ယခု အခါတောင်ငူခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တွင် ပန်းခင်းစီမံချက်လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ပန်းခင်းစီမံချက်အား ကိုဗစ်-၁၉ ရောဂါ မပြန့်ပွါးရေးအတွက် ထုတ်ပြန်ထားသည့် ကန့်သတ်ချက်များကြားမှ (၇)လတာကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံသား တစ်ယောက်ရဲ့ လူမှုဘဝလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအား …

Read More »

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူချောင်း ကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မိုးညို ဇန်နဝါရီ ၁၅ ===================             (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၊ ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်း အချိန်က ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။               ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံအတွင်းရှိ လူဦးရေ၏(၇၀)ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူ များဖြစ်ပြီး မြို့ပြနှင့်ကျေးလက် လူနေမှုဘဝ ကွာခြားမှုမရှိစေရေး ကျေးလက်လမ်း/တံတားနှင့် အခြေခံအဆောက်အဦများကို ဆောင် ရွက်ပေး လျက်ရှိကြောင်း၊ ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ မြင့်မားလာမှာဖြစ်သလို ဒေသဆိုင်ရာရင်းနှီး မြှုပ်နှံမှုတွေလည်း ဝင်ရောက်လာမှာဖြစ်ပြီး ဒေသတွင်းမှာရှိတဲ့ ထွက်ကုန်သီးနှံကုန်ပစ္စည်းများ အချိန်တိုအတွင်း ရောင်းဝယ်ဖောက်ကားနိုင်မှာဖြစ်လို့ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းနှင့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် (ပထမအကြိမ်) ဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲဖွင့်ပွဲနှင့် ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ပဲခူး ဇန်နဝါရီ ၁၄ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (ပထမအကြိမ်) ဆေးပဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၄) ရက်နေ့ နံနက်ပိုင်းအချိန်က ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး ရင်ပြင်တော် စွယ်တော်တိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ခေတ္တဒေသ ကွပ်ကဲရေးမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အဆိုပါ (ပထမအကြိမ်)ဆေးပဋ္ဌာန်းရွတ်ဖတ် ပူဇော်လှူဒါန်းပွဲအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများကြီးမှူး၍ ဇန်နဝါရီလ(၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ ဆရာတော်၊ သံဃာတော်အပါး (၃၀)မှ အလှည့်ကျရွတ်ဖတ် ပူဇော်လှူဒါန်းသွားမည်ဖြစ်ပြီး ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်လှူဒါန်းမှု အောင်ပွဲအခမ်းအနား၌ ပြည်မြို့တွင်း ဩဝါဒဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့ ဆရာတော်များ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သည့် ဆရာတော်များ၊ အမှုဆောင်အဖွဲ့ …

Read More »