Home / 2023 / January / 27

Daily Archives: January 27, 2023

ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပဲခူး ဇန်နဝါရီ ၂၇ =============           ပဲခူးတက္ကသိုလ် အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမ များ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ တက်ရောက်ကြပြီး အမျိုးသားပွဲစဉ်အဖြစ် သမိုင်းအထူးပြုဘာသာရပ်အသင်းနှင့် ဘူမိဗေဒအထူးပြုဘာသာရပ်အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။           ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဥပဒေချုပ်က ဒိုင်လူကြီး များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုနှင့် ပထမ၊ ဒုတိယဆုရရှိခဲ့ကြသည့် အားကစားသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြက်ခြေနီရှေးဦးပြုစုခြင်း …

Read More »