Home / 2023 / January / 22

Daily Archives: January 22, 2023

သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစု ပစ္စည်းများ ပေးအပ်ပွဲကျင်းပပြုလုပ်

သာယာဝတီ ဇန်နဝါရီ ၁၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက် ပါလျက် ဇန်နဝါရီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ် ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သာယာဝတီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူ များအား တောင်သူစိတ်ကြိုက် လိုအပ်သော မျိုးစပါး၊ ယူရီးယား+ကွန်ပေါင်း ဓါတ်မြေဩဇာ၊ ရွက်ဖြန်း မြေဩဇာ၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများအား ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူစိတ်ကြိုက် မှာယူထားသည့် သွင်းအားစုများအား ကြည့်ရှုစစ်ဆေးခဲ့ သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးကျေးရွာနှင့် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာတို့ရှိ ဆောင်းနေကြာသီးသန့်စံပြကွက်များအား ကြည့်ရှုစစ်ဆေး ခဲ့ …

Read More »

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်ဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေဆုံပွဲ ကျင်းပပြုလုပ်

ပြည် ဇန်နဝါရီ ၁၇ ==================== ပြည်မြို့၊ အလင်္ကာဟိုတယ်၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပြည်ဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေဆုံပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး ခရီးသွားလုပ်ငန်းသစ်များ ဖော်ထုတ်ခြင်း၊ ရှိပြီးသား ခရီးသွားလုပ်ငန်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နိုင်တော်အပိုင်းမှလည်း ထိုက်သင့်သည့် ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်၍ ထိုက်သင့်သည့် အခွန်များ အပြည့်အဝပေးဆောင်ရန်လိုအပ်ကြောင်း၊ ပြည်ဒေသထွက် အစားစာများသည် လူကြိုက်များအောင်မြင်လျက်ရှိပြီး ထပ်မံ၍ ထုတ်ပိုးမှုစနစ် အဆင့်မြှင့်နိုင်နိုင်ပါက ပြည်ပခရီးသွားများ ပိုမိုစိတ်ဝင်စားလာမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် ခရီးသွားမြို့တော်သည် သန့်ရှင်းသပ်ရပ်စေရေး လိုအပ်သလို မသန်စွမ်းများအတွက်လည်း အဆင်ပြေစွာ တည်းခို၊ သွားလာနိုင်ရေးနှင့် Public Toilet …

Read More »

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇန်နဝါရီ ၁၇ ======================= ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများ၏ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ပဲခူးတိုင်း ဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော်အား ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီနိုင်ငံတော် တည်ဆောက်နိုင်ရေး အတွက် ထူးချွန်ထက်မြတ်သည့် အသိပညာရှင်များ၊ …

Read More »