Home / 2023 / January / 30

Daily Archives: January 30, 2023

စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း ထွက်ရှိနိုင်ရေးကြိုးစားဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး ဇန်နဝါရီ ၃၀ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ပါအတိုင်း ခရိုင်/မြို့နယ်အလိုက် စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက် သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးကြိုးစားဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကအခြေခံသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး မြေလပ်မရှိ စိုက်ပျိုးသွားရန်၊ စိုက်ပျိုးသည့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီရန်လို ကြောင်း၊ ဒေသအလိုက် စားရေရိက္ခာဖူလုံမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချနိုင်ရေးအတွက် သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲခြင်း၊ ရက်တိုပြီး အထွက်တိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်း၊ …

Read More »