Home / 2023 / January / 28

Daily Archives: January 28, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၈ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဆပ်ကော်မတီများလည်း ဖွဲ့စည်းထားပြီးဖြစ် ကာ အသိပညာပေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများအား ထိရောက်စွာဆောင်ရွက်ကြရန်လိုအပ် ကြောင်း၊ ယာဉ်တိုက်မှုကြောင့် အသက်နှင့်လူမှုစီးပွားဘဝများပျက်စီးဆုံးရှုံးခြင်းသည် တန်ဖိုးဖြတ်၍မရသည့် တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုဖြစ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ (၂၀၁၂-၂၀၂၃) လုပ်ငန်းစီမံချက်ပါ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယာဉ်တိုက်မှု များ လျော့နည်းလာစေရေးအတွက် အမြန်လမ်းမကြီး၊ အဝေးပြးလမ်းမကြီးများနှင့် မြို့တွင်းလမ်းများကို အဆင့်မြှင့်တင်ခြင်း၊ လမ်းလယ်ကျွန်း(ပန်းခုံနှင့်စတီတန်း)များ ပြုလုပ်ပေးခြင်း၊ လမ်းဘေးတစ်လျှောက် …

Read More »