Home / 2023 / February / 20

Daily Archives: February 20, 2023

ပဲခူးမြို့၌ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၀ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။             ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး သက်ဆိုင်ရာကော်မတီများလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရရှိသည့် ဆရာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ အရည်အချင်းများနှင့် ပြည့်စုံသူများဖြစ်သည့်အပြင် သာသနာတော်ထွန်းကား ပြန့်ပွားရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ကြိုးစားအားထုတ်ကြသည့်အတွက် နိုင်ငံတော်အစိုးရမှ ထိုက်တန်သည့် ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ ကြွရောက်လာမည့် ဆရာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များတွက် နေထိုင်ရေး၊ ပင့်ဆောင်ရေးနှင့် ဆွမ်းဆက်ကပ်ရေးတို့တွင် လစ်ဟင်းမှု မရှိစေရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပေးထားသည့် …

Read More »