Home / 2023 / February / 16

Daily Archives: February 16, 2023

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၁၆ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက် ပါလျက် ဖေဖော်ဝါရီလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ကဝမြို့နယ်အတွင်း‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အလယ်ကျေးရွာအနီး တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ်(၈.၅)သန်းဖြင့် ရိုးပိတ်မြေသားတမံ(၃)ခုပြုလုပ်၍ နွေစပါး(၁၅၀)ဧက တိုးချဲ့ စိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မျိုးကောင်းမျိုးသန့်ရရှိရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သွင်း အားစုများ အချိန်မီရရှိရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အုန်းနှဲစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ကျောင်းသူ/ကျောင်းသားများ စိတ်အေးချမ်းသာစွာ ဖြင့် စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ခေတ်မီကလေးကစားကွင်းတစ်ခုနှင့် ဆရာ/ဆရာမများ အား ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ အဆိုပါကျောင်းဝန်းအတွင်း စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက် ကျောင်း၊ (၁)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝင်/ထွက်လမ်းများ ကောင်းမွန်စေရေး၊ …

Read More »