Home / 2023 / February / 04

Daily Archives: February 4, 2023

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၃ =================           ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ဖေဖော်ဝါရီလ(၃) ရက်နေ့၊ ညနေပိုင်းက ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ စုစုပေါင်းလူဦးရေ(၂၀၀၀)ကျော် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပဲခူး တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းယုမော်က ထမနဲထိုးပြိုင်ပွဲ စည်းကမ်းချက်များအား ဖတ်ကြား ခဲ့ကာ မြန်မာစာဌာန၊ ပါမောက္ခ ဒေါက်တာသဇင်သောင်းက တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ သိကောင်း စရာများအား ရှင်းလင်းပြောကြားခဲ့သည်။           …

Read More »