Home / 2023 / February / 14

Daily Archives: February 14, 2023

မြို့ပြများ သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဖေဖော်ဝါရီ ၁၄ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက မြို့ပြများ သန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် မိမိတို့မြို့ သန့်ရှင်းသာယာ လှပစေရေးသည် စည်ပင်သာယာရေးအဖွဲ့များတွင် တာဝန်ရှိကြောင်း၊ စည်ပင်သာယာရေး၏ လုပ်ငန်းများ သည် ပြည်သူလူထုအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရသည့်ဌာနဖြစ်ပြီး အစိုးရ၏ ပုံရိပ်တစ်ခု လည်းဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရရှိသည့်အခွန်ဝင်ငွေပေါ်တွင် မူတည်နေပြီး မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း နှစ်စဉ်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများကို ကြွေးကျန်မရှိ အပြည့် အဝ ကောက်ခံရရှိရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် အခွင့်အရေးအရပ်ရပ်လိုင်စင်များအား သတ်မှတ် …

Read More »

ညောင်လေးပင်မြို့၊ မီးရထားဘူတာရုံအတွင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် သေဆုံး/ ထိခိုက်ဒဏ်ရာရရှိသူများအား သွားရောက်ထောက်ပံ့အားပေး

ညောင်လေးပင် ဖေဖော်ဝါရီ ၁၃ =============== ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်၊ မီးရထားဘူတာ ခရီးသွားစင်္ကြန်၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ မွန်းတည့်(၁၂:၂၀)အချိန်ခန့်တွင် NUG, CRPH, လက်အောက်ခံ PDFအကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲခဲ့ရာ ခရီးသွားပြည်သူ(၃)ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရရှိသော ခရီးသွားပြည်သူ(၈)ဦး၊ နိုင်ငံ့ဝန်ထမ်း(မီးရထားဝန်ထမ်း) (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ညောင်လေးပင်မြို့နယ် ပြည်သူဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုခဲ့ပြီး တစ်ကိုယ်ရေးသုံး ပစ္စည်းများ၊ ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူများအား ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ သေဆုံးသူ(၃)ဦးအတွက် သက်ဆိုင်သူ မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Read More »